လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ဖြန့်ဝေနေမှုများအပေါ် မိဘပြည်သူများအနေဖြင့် နားမယောင်မိစေရေး သတိပြုကြစေလို

လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ဖြန့်ဝေနေမှုများအပေါ် မိဘပြည်သူများအနေဖြင့် နားမယောင်မိစေရေး သတိပြုကြစေလို

နေပြည်တော်၊  မတ် - ၁၇

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌနှင့် သတ္တမ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါ သာဏလှိုဏ်ဂူတော်သိမ်တော်ကြီး၌ မတ် ၁၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အကြို ညှိနှိုင်းအစည်းအဝေးများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်နေမှုများကို အကြောင်းပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဘာသာသာသနာထွန်းကားပြန့်ပွားမှုကို မလိုလားသည့် မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့က လူမှုကွန်ရက်စာမျက်နှာများတွင် “လုံခြုံရေးတပ်ဖွဲ့ဝင် များက သံဃာမဟာနာယက ဆရာတော်ကြီးများကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးချုပ်နှောင်ဖို့ စီစဉ်နေကြောင်း၊ ဆရာတော်ကြီး များ၏ ဘွဲ့အမည်များကို အသုံးပြု၍ ထုတ်ပြန်ချက်အတုများ ထုတ်လာနိုင်ကြောင်း”စသည့် မဟုတ်မမှန်သတင်းများကို ပျံနှံ့အောင်ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဘာသာရေးအရ တည်တံ့ထွန်းကားနေမှု ကို မလိုလားမရှုစိမ့်သူများက ယခုကဲ့သို့ ဘာသာရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာ ဘာသာ အလိုက် ယုံကြည်ကိုးကွယ်နေကြသူများကို နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်နေကြသည်ကို တွေ့မြင်ရသည်။

 တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ရှေးယခင်ကတည်းကပင် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ပြီး သာသနာတော်ထွန်းကားပြန့်ပွားအောင် အစဉ်အဆက် သယ်ပိုးထမ်းဆောင်လျက်ရှိပြီး ယခုကဲ့သို့ သံဃာ့မဟာနာယကဆရာတော်ကြီးများအား ဖမ်းဆီး ချုပ်နှောင်မည်ဟု မဟုတ်မမှန်သတင်းဖြန့်ဝေနေမှုများကို မိဘပြည်သူများအနေဖြင့် နားမယောင် မိစေရေး သတိပြုစေလိုသည်။