လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေရာများ၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေရာများ၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်- ၃

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဩဂုတ် ၂ ရက် ညနေပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက် နှင့် ကံ့ကော်ရပ်ကွက်အတွင်းတို့၌ သစ်ပင်ကြီးများလဲကျ၍ လမ်းပိတ်ဆို့ခြင်း၊ နေအိမ်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီ ရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခြင်းများ နှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

    အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တောင်သူစုရပ်ကွက်အတွင်း သစ်ပင်သစ် ကိုင်းများလဲကျခြင်းနှင့်  နေအဆောက်အဦများအပေါ်သို့ ပိကျြခင်း၊ ကံ့ကော်ရပ်ကွက်၊ မြို့နယ်အားကစားကွင်းဟောင်း အနောက်ဘက်ရှိ ဈေးဆိုင်ခန်းများ အမိုးလန်ပျက်စီးခြင်း တို့ဖြစ်ပေါ်ခဲ့ရာ  တပ်မတော်သားများနှင့် ဌာနဆိုင်ရာအဖွဲ့များက အဆိုပါအပျက်အစီးများ အား ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ 
    အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး သောင်းရင်းမြစ်ရေ မြင့်တက်မှုကြောင့် ရေကျော်ဝင်ရောက်စဉ် တင်ကျန်ရစ်ခဲ့သော မြဝတီ မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲရှိ စာသင်ခန်းများအတွင်းမှ ရွံ့နွံများ၊ အမှိုက်များကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။