လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -၂၈

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ သာကေတ မြို့နယ်၊ တိပိဋကလင်္ကာရကျောင်း ဦးစီးပဓာနနာယကအဖွဲ့ ဉက္ကဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာကေတ မြို့နယ်၊ တိပိဋကလင်္ကာရကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗဟန်းမြို့ နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် တိပိဋ ကဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ အနုမောဒနာတရားနာယူကြခဲ့ကြကြောင်း သတင်းရရှိ သည်။