လွိုင်ကော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၏ မြောက်ဘက်  မီတာ ၁ဝဝ  ခန့်အကွာရှိ  ထီးစဲခါးတံတားအနီး ဆီဆိုင်-လွိုင်ကော်သွား ကားလမ်း၌  ဧပြီ ၂ဝ ရက် ညနေ ၄ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဆီဆိုင်ဘက်မှ လွိုင်ကော်ဘက်သို့ ခင်မောင်ထွေး   (ဘ)ဦးသိန်းအောင် မောင်းနှင်ပြီး ကျော်လင်း(ဘ)အာမတ်ဟူစိန် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အမှတ်၊ 3G/--Toyota Crown အမျိုးအစား မော်တော်ယာဉ်အား  ရပ်တန့်စစ်ဆေးရာ  ယာဉ်၏ နောက်ဖုံးအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း၂ဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊   မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်လေး နယ်မြေရဲစခန်းသို့    စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။