လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများနှင့် ကိုဗစ်-ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများနှင့် ကိုဗစ်-ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

 
နေပြည်တော်၊ ဩဂုတ်- ၈

 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းတွင် နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 
ဦးစွာ ပြည်နယ် ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများအား ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။