လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း၊ ရိုးမရေသန့် စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်   ဧပြီ   ၅

ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊   မယ်ဇီကုန်းလမ်း၊   ရိုးမရေသန့် စက်ရုံရှိ   ပရိဘောဂ ပစ္စည်းများ ထည့်ထားသော ဂိုဒေါင်၌  နံနက် ၁ဝ နာရီ မိနစ် ၅ဝ ခန့်တွင်  ဝါယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့်    မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့  နယ်မြေခံ တပ်မတော်သားများက   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၈ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့်  နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့်   လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု  မရှိကြောင်းနှင့် ပစ္စည်း ဂိုဒေါင်အဆောက်အဦ မီးလောင်ပျက်စီးခဲ့ကြောင်း  သတင်းရရှိသည်။