လှိုင်သာယာနှင့် ရွှေပြည်သာ မြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူအချို့ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခံရမှုဖြစ်ပွား

လှိုင်သာယာနှင့် ရွှေပြည်သာ မြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူအချို့ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခံရမှုဖြစ်ပွား

မတ် ၁၅
    
အကြမ်းဖက်လူအုပ်စုများသည်  အစိုးရဆန့်ကျင်ရေးအကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက် ရှိပြီး ၎င်းတို့နှင့် ယခင်ရန်ညှိုးရန်စ ရှိဖူးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် အမြင်မကြည်ခဲ့သူများ၊ နိုင်ငံရေးယုံကြည်ချက် မတူညီသူများ၊ ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်လိုသူများကို "သူလျှို"၊ "ဒလန်"၊ "သတင်းပေး" အစရှိသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း များကို အတင့်ရဲစွာ လုပ်ဆောင်လာကြသည်။
    
ယနေ့နံနက်ပိုင်းတွင်လည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ညောင်တုန်း လမ်းနှင့် ဦးပုညလမ်းထောင့်၌ မီးရှို့သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းနှစ်လောင်းအား တွေ့ရှိရကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ ရာအိမ်မှူးဖြစ်သူ ဦးသန်းဦးနှင့် ဦးစွန်ရဲတို့ဖြစ်ကြောင်းသိရှိရပြီး ကြိုးတုပ်၍တာယာကွင်းစွပ်ကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။
    
အလားတူ ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ ကံ့ကော်လမ်းထိပ်တွင် မျက်လုံး ၂ လုံး ထိုးဖောက်ဒဏ်ရာ၊ လည်ပင်းထိုးသွင်းဒဏ်ရာတို့ဖြင့် ရက်စက်စွာနှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ် ခြင်းခံရ၍ သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ သေဆုံး သူမှာ USDP လူငယ်အဖွဲ့ဝင် ဦးကျော်ဌေး(၃၂)နှစ်၊ စံပယ်လမ်း၊ (၁၂) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် နေသူဖြစ်ကြောင်း၊ ယနေ့နံနက် ၁ နာရီခန့်တွင် အောင်ကြီးဆိုသူအပါအဝင် ၇ ဦးမှ ရောက်ရှိ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ တရားခံများအား ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အပူတပြင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
    
အကြမ်းဖက်ရမ်းကားသည့် လူအုပ်စုများ၏ လုပ်ဆောင်မှုများသည် အချိန်ကာလ ကြာမြင့် လာသည်နှင့်အမျှ မင်းမဲ့စရိုက်ဆန်သော ဉပဒေမဲ့ အုပ်စုဖွဲ့၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာ ခဲ့မှုအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူအုပ်စုအား အဓိကရုဏ်းနှိမ်နင်းလူစု ခွဲခြင်း၌ အညင်သာဆုံးကိုင်တွယ်ဖြေရှင်းမှုမှ မလွှဲမရှောင်သာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဉက္ကလာပ မြို့နယ် (၆) မြို့နယ်တို့အား မတ်လ  ၁၄၊ ၁၅ ရက်နေ့တို့မှ စ၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာ ကိုကျင့်သုံးရန် ထုတ်ပြန်ခဲ့ရပြီး ထုတ်ပြန်ချက်ပါ ပြစ်မှုနှင့် ပုဒ်မကျူးလွန်သူများကို စစ်ခုံရုံးဖြင့် ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းနှင့်  အဆိုပါမြို့နယ်များအား တည်ငြိမ်အေးချမ်း သည့် မူလအခြေအနေသို့ အမြန်ဆုံးရောက်ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။