လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဖိနပ်အောက်ခံဆိုးပြားစက်ရုံအား မီးရှို့ ဖျက်ဆီးခဲ့မှုတွင် ပါဝင်သူအား ပြစ်ဒဏ်ချမှတ်

နေပြည်တော်၊ ဇွန် - ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြေတိုင်း(၂၂)၊ အလယ်ကျေးရွာ၊ ဦးဖိုးလှိုင်လမ်းနှင့် ဦးရွှေဘင်လမ်းထောင့် အကွက်အမှတ်(၂၀)ရှိ Myanmar Rong Wie New ဖိနပ်အောက်ခံဆိုးပြားစက်ရုံအား မတ် ၁၄ ရက် ညနေ ၄ နာရီခန့်တွင် အောင်ဇော်လင်း(ဘ)ဦးဇော်ဇော် အပါအဝင်(၂၁)ဦးတို့နှင့်အတူ မီးစာပါသည့် ဓာတ်ဆီပုလင်းများနှင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ -၄၃၆ အရ ၎င်းတို့ အား မေ ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ်လိုက် သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်းထုတ် ထားသူများအနက်မှ အောင်ဆန်းလင်း(ခ)အောင်ဆန်းမြင့်(ဘ)ဦးအောင်သူ အား ဖမ်ဆီးရမိခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ အရ ၎င်းအား ဇွန် ၂၈ ရက်တွင် “အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ကို ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။