လှိုင်သာယာ မြို့နယ်ရှိ ရဲလုံခြုံရေး ရဲကင်းနေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အဦနှင့် မော်တော်ယာဉ်များအား မီးရှိုဖျက်ဆီး 

လှိုင်သာယာ မြို့နယ်ရှိ ရဲလုံခြုံရေး ရဲကင်းနေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အဦနှင့် မော်တော်ယာဉ်များအား မီးရှိုဖျက်ဆီး 

နေပြည်တော် မတ်လ ၁၄ 

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ ညနေ(၃)နာရီခန့်တွင် လှိုင်သာယာမြို့နယ် ရဲလုံခြုံရေးရဲကင်း အဆောက်အဦအတွင်းသို့ အကြမ်းဖက် လူအုပ်စု အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိလာပြီး ရဲကင်းအဆောက်အဦအတွင်း (သူလျှို)(ဒလန်) ၁ ဦး ဝင်ပြေးသွားကြောင်း၊ ချက်ခြင်းထုတ်ပေးရန်ဟု အော်ဟစ်ပြောဆိုခြင်း၊ ဆဲဆိုပြီး ခဲများ၊ ဓာတ်ဆီပုလင်းများနှင့် စတင်ပစ်ခတ်ခဲ့ပါသည်။ ရဲဝင်းအတွင်းရှိ မော်တော်ယာဉ်များ၊ ရုံးအား ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ပြီး အဓိကရုဏ်နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သော် လည်း အကြမ်းဖက်လူစုများမှ အတင်းဝင်ရောက်စီးနင်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲ၍ ဆုတ်ခွာခဲ့ရပါသည်။ 

အကြမ်းဖက်လူစုလူဝေးအနေဖြင့် ရဲကင်းအဆောက်အဦ(၅၀ ပေx၄၀ ပေ x၁၇ ပေ) အုတ်တိုက် (၁)ထပ် အဆောက်အဦနှင့် ဂရင်းတိုက်ဂါးယာဉ်တစ်စီး Succed ယာဉ်တစ်စီး၊ ကရောင်းယာဉ်တစ်စီးနှင့် ရဲအမှုဖြင့် သိမ်းဆည်းထားသော ယာဉ်(၂)စီး စုစုပေါင်း ယာဉ် (၅)စီးအားမီးရှို့ဖျက်ဆီးသဖြင့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပါသည်။ 

ဆူပူသူလူဆုလူဝေးအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ပိုင် အဆောက်အဦများ ၊ တပ်ဖွဲ့ပိုင် မော်တော်ယာဉ်များအား အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ရပ်သည် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဆိုးဝါးသော ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပြီး နိုင်ငံ တကာတွင်လည်း မည်သို့မှ လက်ခံနိုင်ဖွယ်မရှိသော ဆိုးဝါးသောလုပ်ရပ်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။