ဝါးနှီးခမောက်ရက် လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကင်းမြင်သာအုပ်စု  ခပ်ချိုကျေးရွာရှိ ဒေသခံများအနေဖြင့် ဝါးနှီးခမောက်များ ရက်လုပ်ခြင်းလုပ်ငန်းကို    တစ်နှစ်ပတ်လုံး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်၍ အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ဝါးနှီးခမောက် ရက်လုပ်ရာတွင် ခမောက်များကို ပုံစံကျအောင် အကြမ်းပြင်ခြင်း၊  စိတ်ပြီးသပ်ပြီးဖြစ်သော နှီးဖြင့်စ၍ ဗွေလှည့်ခြင်း၊ ခွေတံတင်ခြင်း၊ ပက်ပင်ထည့်ခြင်း၊ အနားသတ်ခြင်း စသည်တို့အဆင့်ဆင့် လုပ်ဆောင်ရကြောင်း၊ ခမောက်အပေါ်တွင် ပန်းအလှများ ရေးဆွဲထားသည့် ခမောက်အပြန့် အလှဆောင်း တစ်လုံးလျှင် ငွေကျပ် ၉ဝဝ၊ ခမောက်အကြမ်း တစ်လုံး လျှင် ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချကြကြောင်း သိရသည်။

ခပ်ချိုကျေးရွာမှ  ရက်လုပ်သော ခမောက်များကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊  မန္တလေး တိုင်းဒေသကြီးရှိ ခမောက်ရောင်းဝယ်ရေး ဆိုင်များသို့ ထုပ်ပိုးတင်ပို့ ရောင်းချကြောင်း သိရသည်။