ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဆန်နှင့် တူညီဝတ်စုံ များပေးအပ်

ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဆန်နှင့် တူညီဝတ်စုံ များပေးအပ်
နေပြည်တော်၊ ဒီဇင်ဘာ - ၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်နှင့် တူညီဝတ်စုံများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြား သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား ဆန်နှင့် တူညီဝတ်စုံများပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။