ဝိုင်းမော်မြို့နယ်နှင့် တန့်ယန်းမြို့နယ်များအတွင်း၌ မူးယစ်ဆေးဝါးသယ်ဆောင်လာ သူများအား ဖမ်းဆီးရမိ

 

ဝိုင်းမော်မြို့နယ်နှင့် တန့်ယန်းမြို့နယ်များအတွင်း၌ မူးယစ်ဆေးဝါးသယ်ဆောင်လာ သူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ မတ်- ၂၆
    
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင် ကျေးရွာ၏ အရှေ့မောက်ဘက်(၂)မိုင်ခန့်အကွာရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ယာဉ်ဝင်^ထွက်မှုများအားစစ်ဆေးစဉ် ကန်ပိုက်တည်ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ အောင်ရွှေ(ဘ)ဦးသာအောင် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ဂျာဘောက်(ဘ)ဦးအင်ခွန်လ လိုက်ပါလာသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းင်းတို့ထံမှ ဘိန်းစိမ်း ၁၅၀၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
    
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် တန့်ယန်းမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာရှိ တာကော်အက်တံတား၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ပန်ယကျေးရွာဘက်မှ ပန်ဖိန်းကျေးရွာဘက်သို့ ဒေါ်အမ်ဟန်(ဘ)ဦးညီလွတ် မောင်းနှင်ပြီး ဒေါ်ယေ့စောင်း(ဘ)ဦးလုံးကန်း စီးနင်းလိုက်ပါလာသည့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းင်းတို့ထံမှ ဘိန်းစိမ်း ၁၃ ဒသမ ၅ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ မော်တော်ဆိုင်ကယ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။