သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှုန်းနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်နှင့် ကိုယ်ဝန် ဆောင်မိခင်တစ်ဦးလျှင် ထောက်ပံ့ငွေ ၄၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ  အိမ်ထောင်စု ၅၅၂၆ စု၊ လူဦးရေ ၂၄၁၇၂ ဦးတို့အတွက် ဆန် ၅၁၃ အိတ်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အိမ်ထောင်စု ၄၉၄၆ စု၊ လူဦးရေ ၁၈၀၃၂ ဦးတို့အတွက် ဆန် ၁၂၃၆ အိတ်နှင့် ၁၂ ပြည်၊ ဉယျာဉ်တော်ကျေးရွာ၊ ဓနုံးကျေးရွာ၊ ကမ္ဘကျေးရွာ၊ တပ်ကြီးကျေးရွာ၊ ဘုန်းတော် နိုင်ငံကျေးရွာနှင့် ဘနောကျေးရွာတို့ရှိ အိမ်ထောင်စု ၁၁၅၀ စုတို့အတွက် ဆန် ၂၈၇ အိတ်၊ ၁၂ ပြည်တို့ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက အသီးသီးသွားရောက် ထောက်ပံ့ လှူဒါန်းကြရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။