သတင်းကြေညာချက် ၊နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်

သတင်းကြေညာချက် ၊နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်ပမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေ သော ဝန်ထမ်းများအား ပြည်ပတာဝန်ထမ်းဆောင်သည့် သတ်မှတ်ကာလ ပြည့်မြောက်သည့် အချိန်တွင် မြန်မာနိုင်ငံ (နိုင်ငံခြားရေးဝန်ကြီးဌာန) သို့ ပြန်လည်ပြောင်းရွှေ့ တာဝန်ပေးအပ် ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ပတာဝန်ထမ်းဆောင်ရန် သတ်မှတ်ကာလပြည့်မီသည့် ဝန်ထမ်းများအား ပြည်ပမြန်မာသံရုံးများသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းတို့ကို ပုံမှန် ဆောင်ရွက်လေ့ရှိပါသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောင်းရွှေ့အမိန့်စာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း/ပြည်ပရှိ ဝန်ထမ်းများအား စိတ်ဓါတ်ပျက်ပြားစေရန်၊ ဝန်ထမ်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေရန်နှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် facebook အပါအဝင် လူမှုကွန်ရက်များပေါ်တွင် ဖန်တီးလှုံ့ဆော်ရေးသားဖော်ပြနေကြသည်ကို တွေ့ရှိရပါ သည်။ ထိုသို့လုပ်ကြံဖန်တီးလှုံ့ဆော်နေသော အကြောင်းအရာများသည် မှန်ကန်မှုမရှိသော သတင်းမှားများသာဖြစ်ပါသည်။

အဆိုပါ ဝန်ထမ်းများ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းကိစ္စရပ်သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်