သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Milk Tea Allience Day အဖြစ် ထိုင်း/ ထိုင်ဝမ်/ ဟောင်ကောင်/ အိန္ဒိယ/ အင်ဒိုနီးရှား/ မြန်မာနိုင်ငံ တို့တွင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် ၎င်းခေါင်းစဉ်အား အကောင်အထည် ဖော်ရေးအတွက် နေရာအသီးသီးတွင် ဆန္ဒဖော်ထုတ်ပွဲအဖြစ် မြို့နယ် ၂၄၇ ခုတွင် လူ အင်အားစုစုပေါင်း ၁၂၆၁၄၆၅ ဦးခန့် ပါဝင်လုပ်ဆောင်ပြီး ရန်ကုန်တွင် ၃၀၀၆၀၀ ဦး (၃.၈ %)၊ မန္တလေးတွင် ၁၉၈၇၃၀ ဦး (၃.၂%) ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။

နိုင်ငံတော်အစိုးရအား ဆန့်ကျင်သော အစုအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တစ်နိုင်ငံလုံးမဖြစ်မနေ လှုပ်ရှားမှု အစီအစဉ်ဖြင့် ဆန္ဒပြ ခဲ့ကြရာတွင် မြို့နယ် ၂၁၂ ခု၊ လူဦးရေ ၅၉ သိန်းကျော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ သဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထက် ၅ ဆ နီးပါးခန့် ပိုမိုသော အင်အားဖြင့် ဆောင်ရွက် ခဲ့သည်ကို တွေ့ရှိရပါသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လူစုလူဝေးဆောင်ရွက်မှု အနေဖြင့် မြို့နယ်ပေါင်း ၁၇၀ ကျော်တွင် နေရာပေါင်း ၈၃ နေရာ၌ ဆူပူဆန္ဒပြသူ လူစုလူဝေးအား ဖြိုခွင်းခဲ့ရပါ သည်။ ဆူပူဆန္ဒပြသူ ကျား ၇၈၉ ဦး၊ မ ၅၄၅ ဦး၊ ပေါင်း ၁၃၃၄ ဦးအား ထိန်းသိမ်းခဲ့ရပါ သည်။ ထိခိုက်သေဆုံးသူအနေဖြင့် တနင်္သာရီတွင် ကျား ၄ ဦး၊ ပဲခူးတွင် ကျား ၂ ဦး၊ မကွေးတွင် ကျား ၁ ဦး၊ ရန်ကုန်တွင် ကျား ၂ ဦး၊ မ ၁ ဦး၊ မန္တလေးတွင် ကျား ၁ ဦး၊ စုစုပေါင်း ၁၁ ဦး ရှိခဲ့ပြီး မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၌ အမျိုးသားအလောင်း ၁ လောင်း(စိစစ်ဆဲ)၊ အမျိုးသမီးအလောင်း ၁ လောင်း (စိစစ်ဆဲ)တို့အား နာရေးကူညီမှုအသင်းမှ လာရောက်ပို့ဆောင်သွားကြောင်း သိရှိရပါ သည်။

ဒဏ်ရာရရှိမှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် ၂၈ ဦး၊ ဆူပူဆန္ဒပြသူ အမျိုးသား ၂၃ ဦး ဖြစ်ပါသည်။ ဥပဒေနှင့်ဆန့်ကျင်၍ အဓိကရုဏ်းပြုလုပ်စုဝေးခြင်းအား တားဆီးထိန်းသိမ်း ရာတွင် လူစုလူဝေးကိုင်တွယ်ထိန်းသိမ်းနည်းပါအတိုင်း အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

- သတိပေးတားမြစ်ခြင်း၊

- ဖြိုခွဲခြင်း၊ (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈)

- အင်အားပြ ခြောက်လှန့်ဖြိုခွဲခြင်း၊

- အသံဖြင့် ခြောက်လှန့်လူစုခွဲခြင်း၊

- ရေလုံးဖြင့် ဖြိုခွဲခြင်း၊

- မျက်ရည်ယိုဗုံး အသုံးပြုခြင်း၊

- ရာဘာတုတ်ဒိုင်း အသုံးပြုခြင်း၊

- အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ခဲယမ်းအသုံးပြု လူစုခွဲခြင်း၊

- အကြမ်းဖက်နှိမ်နင်းရေး လက်နက်အသုံးပြု ဖြိုခွဲခြင်း၊

- ဆူပူဦးဆောင်သူများ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊

ဖော်ပြပါအတိုင်း နယ်မြေအသီးသီးတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ရှည်သည်းခံစွာဖြင့် လူစုလူဝေး ကြီးကြပ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။ အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များ အသုံးပြုရာတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံး ဖြစ်အောင် ကျည်သုံးစွဲမှုအနည်းဆုံးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ကြောက်လန့် လူစုခွဲရန် ရည်ရွယ်ချက်ဖြင့် မီးခိုးဗုံး/ အသံမြည်ဗုံးများကို ထိုက်သင့်သလောက်သာ သုံးစွဲခဲ့ပါသည်။

ဆူပူဆန္ဒပြသူများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယခင်ရက်ပိုင်းများ တွင် ထိပ်တိုက်တွေ့ဆုံမှုများ နည်းပါးခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဂျင်ကလိ၊ လေးဂွ၊ သံဂေါ်လီ၊ မူလီခေါင်းများ အသုံးပြုခြင်း၊ ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ လမ်းမကြီးများပေါ်တွင် အကာအရံ၊ အတားအဆီးများအား ဆောင်ရွက် ခြင်း၊ ယာဉ်များဖြင့် ကန့်လန့်ဖြတ်ပိတ်ဆို့ တားဆီးခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့အား ဆူပူအကြမ်းဖက်သူများမှ ဖမ်းဆီးခြင်း၊ ကြိုးတုပ်ခြင်း၊ လက်နက်များ သိမ်းဆည်းခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း အစရှိသည်ဖြင့် ရန်သူသဖွယ် သဘောထားကာ အကြမ်းဖက် ဆက်ဆံလာကြောင်း တွေ့ရှိရပါသည်။ ဆူပူဆန္ဒပြသူ များတွင် သာမာန်အေးချမ်းစွာ ဆန္ဒပြလိုသူများနှင့် အကြမ်းဖက် ရန်ပြုလိုသည့် ဆန္ဒပြ သူများဟူ၍ အုပ်စုကွဲ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ အကြမ်းဖက်ဆောင်ရွက် လိုသူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများအား သော့ပိတ်ခြင်း၊ သံချောင်းများဖြင့် ဂဟေဆော်ပိတ်ဆို့ခြင်းများ ဆောင်ရွက်ကာ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။

လူစုလူဝေးကိုင်တွယ်ထိန်းသိမ်းနည်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျည်စစ်ကျည်မှန် အသုံးမပြုရန် ညွှန်ကြားထားရှိပါသည်။ တာဝန်ထမ်းဆောင်စဉ် မိမိ နှင့် လူထု၏ အသက်အန္တရာယ်များကို ထိခိုက်လာနိုင်သည့်အခြေအနေတွင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များကို ရန်ပြုလာသူများ၏ ခါးအောက်ပိုင်းကိုသာ ပစ်ခတ်နိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များ အနေဖြင့် အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း လုပ်ငန်းစဉ် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိသူများကို တပ်မတော်ဆေးရုံများသို့ ပို့ဆောင် ကုသပေးခြင်း၊ သေဆုံးသူများကိုလည်း သက်ဆိုင်ရာရဲစခန်းများတွင် ဥပဒေနှင့်အညီ သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါသည်။ လမ်းပိတ်ဆို့အတားအဆီးများကိုလည်း ပြည်သူ လူထု သွားလာမှုအဆင်ပြေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖယ်ရှား ရှင်းလင်းပေးခြင်းအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။