သတင်းထုတ်ပြန်ခြင်း  နေပြည်တော်၊ မတ်လ ၁ ရက်

သတင်းထုတ်ပြန်ခြင်း  နေပြည်တော်၊ မတ်လ ၁ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်မြို့၌ ထိခိုက်ဒဏ်ရာရှိပြီး လူ(၄)ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ စိစစ်တွေ့ရှိရမှုအခြေအနေအား ထပ်မံသတင်းထုတ်ပြန် အပ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်မြို့၊ ဗိုလ်ချုပ်လမ်း၌ လူစု လူဝေးအင်အား ၁၀၀၀ ကျော်ခန့်သည် စုဝေးဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လူစုခွဲနိုင်ရေး အကြိမ်ကြိမ်သတိပေး ညှိနှိုင်းဖြေလျှော့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဆူပူသူလူစုလူဝေးအနေဖြင့် လူစုခွဲမှုမရှိဘဲ အကြမ်းဖက် ဆန်စွာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ရန်ပြုလာသည့် အခြေအနေကြောင့် လုံခြုံရေးတပ်ဖွဲ့ အနေဖြင့် နီးကပ်စွာ ထိပ်တိုက်ရင်ဆိုင်ကာ ရန်ပြုခံရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် အသံမြည်ဗုံး၊ .၁၂ ဗို့ ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ယင်းသို့ ပစ်ခတ်လူစုခွဲခြင်းများဆောင်ရွက်ခဲ့သော်လည်း ဆူပူသူလူစုလူဝေးများမှ လူစုခွဲမှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထပ်မံ ရန်ပြုလာသည့် အခြေအနေအရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နောက်သို့ ဆုတ်ခွာခဲ့ရပြီး လူစုလူဝေးကိုင်တွယ် ထိန်းသိမ်းနည်း လုပ်ငန်းစဉ်များနှင့်အညီ မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ရ ပါသည်။

၎င်းဖြစ်စဉ်တွင် အမျိုးသား (၃)ဦး ထိခိုက်သေဆုံးခဲ့ပြီး အမျိုးသား (၁)ဦးအား သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးမှုများအတွက် သက်ဆိုင်ရာရဲစခန်းများတွင် သေမှုသေခင်းရေးဖွင့်ထားရှိပြီး လိုအပ်သော လုပ်ငန်းစဉ်များ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။