သတင်းထုတ်ပြန်ခြင်း  နေပြည်တော်၊ မတ်လ ၁ ရက်

သတင်းထုတ်ပြန်ခြင်း  နေပြည်တော်၊ မတ်လ ၁ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက် ပဲခူးမြစ်ကူး တံတားအနီး၌ လူစုလူဝေး ဖြစ်ပွားမှုနှင့် (စိန်ဟင်း)ကုန်စုံဆိုင်၌ ပစ္စည်းများဝင်ရောက်ဖျက်ဆီး မှုတို့နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ဆောင်ရွက်မှုအခြေအနေနှင့် ဖြစ်စဉ်အပေါ် အသေးစိတ်ထပ်မံ စိစစ်ခဲ့မှုအခြေအနေအား ထပ်မံ သတင်းထုတ်ပြန်အပ်ပါသည်။
ဖော်ဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက် ပဲခူး မြစ်ကူးတံတားအနီး၌ လူစုလူဝေးအင်အား ၁၀၀၀ ကျော်ခန့်သည် စုဝေးရောက်ရှိကာ အော်ဟစ်ဆူပူပြီး တုတ်၊ အုတ်ခဲများကိုင်ဆောင်ပြီး အဓိကရုဏ်းဆန်ဆန် ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၁၂၀ ဦးဖြင့် ညှိနှိုင်းဖြေလျှော့တားဆီးခြင်း၊ ထုတ်ပြန် ထားရှိသော အမိန်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာ လူစုခွဲပါရန် အကြိမ်ကြိမ်မေတ္တာ ရပ်ခံ သတိပေးပြောကြားခဲ့ပါသည်။

သို့ရာတွင် လူစုလူဝေးအနေဖြင့် လိုက်နာမှုမရှိသဖြင့် လူစုလူဝေးကိုင်တွယ် ထိန်းသိမ်းနည်းလုပ်ငန်းစဉ်အတိုင်း မီးခိုးဖြူဗုံး(၆)လုံး၊ ၁၂ဗို့ပြောင်းချောသေနတ်ဖြင့် (၁၂) ချက်အား ခြောက်လှန့်ပစ်ခတ်ကာ ပထမအကြိမ် လူစုအားဖြိုခွဲ၍ ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၂)ဦးတို့အား ထိန်းသိမ်းခဲ့ပါသည်။

ထိုသို့ ထိန်းသိမ်းခဲ့မှုအပေါ် ကျေနပ်မှုမရှိသည့် လူစုလူဝေးအနေဖြင့် အုတ်ခဲကျိုးများ၊ ကျောက်ခဲများနှင့် လေးခွ တို့ကိုအသုံးပြုကာ အဓိကရုဏ်းမှ အကြမ်းဖက်မှုအသွင်သဏ္ဍန် အဖြစ်သို့ကူးပြောင်းကာ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရန်ပြုနိုင်ရေး ကြိုးစားပြုမူခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီရုံးအရှေ့အထိ အဆင့်ဆင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး လူစုလူဝေးများမှ အနီးကပ် အကြမ်းဖက်လာသဖြင့် အသံမြည်ဗုံး(၁၆)လုံး၊ မီးခိုးဖြူဗုံး(၆၀)လုံးဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ လူစုလူဝေးအား ကိုင်တွယ်ထိန်းသိမ်းနည်းအရ မောင်းပြန်ရိုင်ဖယ်(၁)လက် အသုံးပြုကာ အပေါ်သို့ ထောင်ဖောက်ခြောက်လှန့်ခြင်းမှ နောက်ဆုံးအဆင့်အနေဖြင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်း မှုများကိုဆောင်ရွက်ခဲ့ရာ ဆူပူသူလူစုလူဝေးမှ ဦးစီးခေါင်းဆောင်ပြုလုပ်သူ အမျိုးသား(၂)ဦး ထိခိုက်သေဆုံး ကာ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၂)ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသည်။

အလားတူဖြစ်စဉ်ကဲ့သို့ ပဲခူးမြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အမှတ်(၂) လမ်းမကြီးဘေး တွင်တည်ရှိသော (စိန်ဟင်း)အိမ်သုံးပစ္စည်းကုန်စုံဆိုင် (၅)ထပ် အဆောက်အဦသို့ ဆူပူသူလူစုလူဝေး (၁၅၀)ကျော်ခန့်သည် နေ့လည် (၂)နာရီခွဲအချိန်တွင် ရောက်ရှိလာကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်း ကုန်စုံဆိုင်အပေါ်ထပ်မှ လက်နက်ဖြင့် ပစ်ခတ်သည်ဆိုသည့် ကောလဟာလသတင်းများအရ ဆိုင်အတွင်း ဝင်ရောက်ဖျက်ဆီးခြင်း၊ ပစ္စည်းများအားထုခွဲခြင်း၊ ဆိုင်အတွင်းမှပစ္စည်းများအား လမ်းပေါ်သို့ သယ်ထုတ်မီးရှို့ကာ ထိန်းမနိုင်သိမ်းမရတော့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ တောက်လျှောက် ဖြစ်ပွားလာခဲ့သဖြင့် လူစုလူဝေးကိုင်တွယ်ထိန်းသိမ်းမှု လုပ်ငန်းစဉ်အတိုင်း မလွှဲမရှောင်သာ ပစ်ခတ် ထိန်းသိမ်း ရာမှ ဆူပူသူအမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူစုလူဝေးအား ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံး ဖြစ်ရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့သော်လည်း အဓိကရုဏ်းပုံစံမှ အကြမ်းဖက်မှုသို့ တိုးမြှင့်ကာ ဆက်လက် ဆောင်ရွက်နေမှုကြောင့် ပစ်ခတ်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါ သည်။

လူသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့် လုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဓိကရုဏ်း ဖြစ်ပွားရေးကို ဦးတည် ဆောင်ရွက် နေသူများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုပုံစံသို့ ပြောင်းလဲဆောင်ရွက်နေမှုအခြေအနေအား ပြည်သူလူထု အနေဖြင့် အသိသတိနှင့်ယှဉ်တွဲကာရှောင်ကျဉ်ကြပါရန် အသိပေးအပ်ပါသည်ဟု သတင်းထုတ်ပြန် ထား ရှိပါသည်။