သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၄ ရက်

နိုင်ငံတော်ဆန့်ကျင်ရေးအစုအဖွဲ့များအနေဖြင့် လူငယ်ထုများအား ရှေ့တန်းတင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များ၊ ဆန္ဒပြသူအဖွဲ့များအတွက် ပစ္စည်းမျိုးစုံတီထွင်ကာ နောက်ကွယ် မှ ထောက်ပံ့သော ငွေကြေးအမြောက်အများကို အကုန်ကျခံပြီး နိုင်ငံရေးသမားအများစုက လှုံဆော်မှုပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရပါသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆူပူ ဆန္ဒပြ သူလူအုပ်စုများအနေဖြင့် လမ်းကြောင်းများကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ညှင်းပန်းခြင်း၊ သံဃာတော်များအား သာသနာညှိုးနွမ်းစေပြီး အကြမ်းဖက်ဆန်စွာဆောင်ရွက်ခြင်း၊ ဘဏ်ကို ဖျက်စီး၍ ATM ငွေထုတ်စက်အား ချိုးဖျက်ကာ ငွေများ လုယူခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦနှင့်ယာဉ်များ အား ဖျက်ဆီးခြင်း၊  လုံခြုံရေးတပ်ဖွဲ့သုံးယာဉ်များအား ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကာ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် လူစုလူဝေး ပြိုကွဲရေးအတွက် အဓိကရုဏ်းဖြိုခွဲရေး လက်နက်များကို အသုံးပြုဆောင်ရွက်ရလျက်ရှိ ပါသည်။    
    
၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် အချို့မြို့ကြီးများ၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်း သိမ်းခဲ့ရပါသည်။
    
ဖြစ်စဉ်များတွင် နောက်ကွယ်မှ သွေးခွဲမြှောက်ပင့်စည်းရုံးလှုံ့ဆော် ဆောင်ရွက်နေမှု များကြောင့် လူငယ်ထုအနေဖြင့် စိတ်ခံစားမှုများကို ရှေ့တန်းတင်ကာ အကြမ်းဖက်ပုံစံကဲ့သို့ တိုးမြှင့်လုပ်ဆောင်လာနေသည်ကို တွေ့မြင်နေရပါသည်။
    
နိုင်ငံရေးသမားအများစုအနေဖြင့် အန္တရာယ်ကင်းလွတ်သည့် နေရာများတွင် ပုန်းခိုကာ လူငယ်ထုအား လမ်းပေါ်ထွက်စေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံစေကာ  အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုများအပေါ် မိဘပြည်သူလူထုများ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။