သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၉ ရက်

လူစုလူဝေးဆောင်ရွက်လိုသည့် အင်အားစုများအနေဖြင့် အေးအေးချမ်းချမ်းနေထိုင်လိုသည့် လူထုအများစု၏ ဆန္ဒကိုမျက်ကွယ်ပြုကာ နောက်ကွယ်မှကြိုးကိုင်ချယ်လှယ်သူ၊ ငွေကြေးထောက်ပံ့ သူများ အစီအစဉ်ဖြင့် အချို့သောဒေသများတွင် ဆူပူလှုပ်ရှားမှုများ နေ့စဉ်ဖြစ်ပွားအောင် ဦးတည် လှုံ့ဆော်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင်လည်း နေရာဒေသအများအပြားတွင် ဆူပူဆန္ဒပြသူများ မရှိကြသော်လည်းတိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့ရှိ မြို့နယ်များ၌ သာမန်ဆန္ဒပြခြင်း၊ ဆူပူသူ လူစုလူဝေးများဖြစ်ပွားပြီး အဓိကရုဏ်းအသွင်မှ အကြမ်းဖက်မှုဖြစ်စဉ်များအရ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် လူစုဖြိုခွဲခြင်းများကိုဆောင်ရွက် ခဲ့ရပါသည်။

ဆူပူဆန္ဒပြသူများအနေဖြင့် နောက်ကွယ်မှ ချိတ်ဆက်ဆောင်ရွက်မှု၊ တွန်းအားပေးမှု၊ ငွေကြေးရယူထားမှုများကြောင့် မဖြစ်မနေဆောင်ရွက်နေရခြင်းဖြစ်ကြောင်း တွေ့ရှိရကာ လူငယ်ထု အတွင်း ပရဟိတခေါင်းစဉ်ဖြင့် ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ ငွေကြေးရှုပ်ထွေးမှု အခြေ အနေများ၊ ဦးစီးသူများ၏ လှည့်ကွက်များကို ခံစားရသော လူငယ်ထုများအတွင်း စိတ်ဝမ်းကွဲပြား မှုများ ဖြစ်ပေါ်လာနေကြကြောင်း သတင်းရရှိပါသည်။