သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၁၄
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ဆူပူအကြမ်းဖက်ဆန္ဒပြသူ လူစုလူဝေးအား ခြောက်လှန့်ပစ်ခတ်လူစုခွဲရာမှ ဆူပူဆန္ဒပြသူ ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံသို့ပို့ဆောင်ကုသစဉ် အမျိုးသား ၁ ဦး (စိစစ်ဆဲ)မှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
    
ထိခိုက်ဒဏ်ရာရရှိသည့် ကျန်ရှိသူ ၄ ဦးမှာ ဆေးကုသမှုခံယူနေစဉ် အမျိုးသား ၁ ဦး (စိစစ်ဆဲ) သည် ရရှိသည့်ဒဏ်ရာဖြင့် မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရပါသဖြင့် သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။