သန်လျင်တပ်နယ်မှ အသစ်တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်နှင့် အောက်ဆီဂျင်တင်လှည်းများ ပေးအပ်လှူဒါန်း

သန်လျင်တပ်နယ်မှ အသစ်တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်နှင့် အောက်ဆီဂျင်တင်လှည်းများ ပေးအပ်လှူဒါန်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်

    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တပ်မတော် မှလိုအပ်သော ထောက်ပံ့လှူဒါန်းမှုများဆောင်ရွက်ပေးလျက်ရှိရာ သန်လျင်တပ်နယ် (သီလဝါ)တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သော တပ်မတော်(ရေ) အောက်ဆီဂျင်စက်ရုံ မှထုတ်လုပ်လျက်ရှိသည့်အောက်ဆီဂျင်များအား သန်လျင်တပ်နယ်ရှိ  တပ်မတော် ဆေးရုံ၊ အရပ်ဘက်ဆေးရုံများ၊ ပရဟိတလူမှုရေးကူညီမှုအသင်းများသို့ လိုအပ် သောအောက်ဆီဂျင်များအားလည်းကောင်း၊ အောက်ဆီဂျင်အိုး များသယ်ယူရာ တွင်လွယ်ကူစေရန်အတွက် တပ်မတော်(ရေ)မှပြုလုပ်သော အောက်ဆီ ဂျင်အိုးတင် များလှည်းအား တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးသို့လည်း ကောင်း၊ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့လည်းကောင်း ယနေ့နေ့လယ်ပိုင်းတွင် တာဝန် ရှိသူများမှပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။