သီပေါမြို့နယ်၊ မန်လီကျေးရွာတွင် ဗုံးသီးဟောင်း ၁ လုံးအား ငါးမိုင်းခွဲရန် ယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား

 

သီပေါမြို့နယ်၊ မန်လီကျေးရွာတွင် ဗုံးသီးဟောင်း ၁ လုံးအား ငါးမိုင်းခွဲရန် ယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော်၊ မတ် - ၂၆
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မန်လီကျေးရွာနေ ဦးလုံးဆာ(ဘ)ဦးကာလိကျွမ်း နှင့် မောင်စိုင်းဖ(ဘ)ဦးလုံးဖုန်းပါလန် တို့ ၂ ဦးသည် မတ် ၂၅ ရက် နေ့လယ် ၁ နာရီခန့်တွင်  ၎င်းင်း၏ တောင်ယာတဲအနီးတွင် ဗုံးသီးဟောင်း ၁ လုံးအား တွေ့ရှိသဖြင့် ၎င်းင်းတို့ ၂ ဦးသည် တောင်ယာတဲအနီးရှိ ချောင်းအတွင်း ငါးမိုင်းခွဲရန်အတွက် ဗုံးသီးဟောင်းအား ယူဆောင် သွားပြီး ဦးလုံးဆာမှ ကျောက်ခဲဖြင့် ၄ ချက်ခန့်ထုခဲ့ရာမှ ပေါက်ကွဲဖြစ်ပွားခဲ့သည်။
    
အဆိုပါဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် ဦးလုံးဆာ မှာ ဗုံးသီးအစထိမှန်ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ပြီး မောင်စိုင်းဖ မှာ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော် ဆေးရုံ၌ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။