သုတေသီများက ကြံံံ့ချိုများအတွင်း ရေဒီယို သတ္တိကြွ ပစ္စည်းများ ထိုးသွင်းပြီး မုဆိုးများ၏ ခိုးယူဖမ်းဆီးမှုကို ဟန့်တားမည်

ရုရှားနိုင်ငံ ရိုဆာတန်အဖွဲ့မှ ထောက်ပံ့မှု ရယူထားသည့်သုတေသီများသည် ကြံ့ချို များအတွင်း ရေဒီယိုသတ္တိကြွပစ္စည်းများ ထိုးသွင်းပြီး မုဆိုးများ၏ခိုးယူဖမ်းဆီးမှုကို လွယ်ကူစွာထောက်လှမ်းဟန့်တားနိုင်မည့် ရှေ့ပြေးအစီအစဉ်ကို ဆောင်ရွက်နေသည်။

တောင်အာဖရိက၌ ၂ဝ၂ဝ ပြည့်နှစ်တွင် မုဆိုးများအနေဖြင့် ကြံ့ချိုရရှိရေးအတွက် ခိုးယူ ဖမ်းဆီးမှုကြောင့် ကြံ့ ၃၉၄ ကောင် သေဆုံးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ သို့သော် ထိုပမာဏမှာ  ၂ဝ၁၉  ခုနှစ်ကထက်  သုံးပုံတစ်ပုံ လျော့နည်းပြီး ခြောက်နှစ်ဆက်တိုက် ကျဆင်းမှုဖြစ်သည်။ ထို့ကြောင့် မုဆိုးများ၏ခိုးယူဖမ်းဆီးမှုသည် ကမ္ဘာပေါ်တွင် ကြံ့အကောင်ရေ အများဆုံးဖြစ်သည့် တောင်အာဖရိကနိုင်ငံအတွင်း ကျန်ရှိသော ကြံ့အကောင်ရေ ၂ဝဝဝဝ   ခန့်အတွက်  အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်သည်။

ကြံ့များ၏ ဦးချိုအတွင်း ထည့်ထားသည့် ပမာဏ အလွန်နည်းပါးလှသော  ရေဒီယို သတ္တိကြွပစ္စည်းကို ထောက်လှမ်းနိုင်ရေး အတွက် နိုင်ငံတကာနယ်စပ် တစ်လျှောက်ရှိ  အာရုံခံ ကိရိယာထောင်ပေါင်းများစွာကို အသုံးပြုမည်ဖြစ်ကြောင်း    ပါမောက္ခ ဂျိမ်းလာကင်ကပြောသည်။

ကြံ့ချိုကို  ကင်ဆာရောဂါကဲ့သို့သော ရောဂါများကို တိုင်းရင်းဆေးဖြင့် ကုသရာတွင် အသုံးပြုလေ့ရှိသည့် အပြင် ချမ်းသာကြွယ်ဝမှုကို ဖော်ညွှန်းရာနှင့် လက်ဆောင်ပေးရာ တွင်အသုံးပြုလေ့ ရှိကြောင်း သိရသည်။