သံစဉ်လေးညည်းလိုက်ရုံနဲ့ သီချင်းကိုရှာပေးမယ့် Google Search

အင်တာနက်ရှာဖွေရေး ဂုရုကြီးဖြစ်တဲ့ Google ဟာ သူတို့ရဲ့ရှာဖွေရေး အင်ဂျင်လုပ်ဆောင်ချက်ထဲမှာ နောက်တစ်မျိုးကို ထပ်မံထည့်သွင်းလိုက်ပါပြီ။ အဲဒီလုပ်ဆောင်ချက်ကတော့ ကိုယ်သိချင်တဲ့ သီချင်းရဲ့သံစဉ် ကိုညည်းလိုက်ရုံနဲ့ ဒါမှမဟုတ် လေချွန်လိုက်ရုံနဲ့ သီချင်းအပြည့်အစုံကို ရှာဖွေပေးတဲ့လုပ်ဆောင်ချက်ပါ။

ဒီလုပ်ဆောင်ချက်ကိုအသုံးပြုဖို့အတွက် အရင်ဆုံးလုပ်ရမှာက What is this song? ဆိုပြီး အသံထွက်မေး ရပါမယ်။ ပြီးတဲ့အခါ သီချင်းရဲ့သံစဉ်ကိုညည်းပြရပါမယ်။ ဒါမှမဟုတ် လေချွန်ပြရပါမယ်။ ကိုယ့်ဘက်က  သီချင်းညည်းတဲ့အခါ သံစဉ်ကို  ပီပီပြင်ပြင်နဲ့ ညည်းပြဖို့တော့လိုတာပေါ့။

အဲဒီနောက်မှာ Google ကကိုယ်ညည်းလိုက်တဲ့သီချင်းနဲ့ ထပ်တူနီးပါး တူညီတဲ့သီချင်းကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က သီချင်းညည်းတဲ့အခါမှာသံစဉ်ကို ပီပီပြင်ပြင်နဲ့ ညည်းပြဖို့ လိုတာပါ။

Google ကပြောတာကတော့ သူတို့ရဲ့စက်ပိုင်းဆိုင်ရာ သင်ယူမှုစနစ်က ဝင်လာတဲ့အသံကို ကိန်းဂဏန်းတွေ အဖြစ်ပြောင်းလဲပြီးမှ အဲဒီကိန်းဂဏန်းတွေနဲ့ထပ်တူညီတဲ့တစ်ခုကို ပြန်လည်ပြသပေးတာလို့ဆိုပါတယ်။

ဒီလိုဖြစ်လာဖို့အတွက် အဲဒီစနစ်ကို လူတွေရဲ့အမှန်တကယ် သီချင်းသီဆိုသံတွေ၊ ညည်းသံတွေ၊ လေချွန် သံတွေနဲ့ အသံသွင်းထားတဲ့ တကယ်သီချင်းအစစ်တွေနဲ့ လေ့ကျင့်ပေးထားတာပါ။

ဒီလုပ်ဆောင်ချက်ကိုတော့ကာ hum to search လို့နာမည်ပေးထားပြီး အခုအခါမှာ အန်းဒရွိုက်နဲ့ iOS တို့မှာရှိတဲ့ Google Search မေခ့အပလီကေးရှင်းမှာ ဘာသာစကားပေါင်းအမျိုး ၂၀ နဲ့အသုံးပြုနိုင်ပြီဖြစ် ပါတယ်။

နွေဉီး