သံဖြူဇရပ်မြို့နယ်တွင် ငွေကြေး လိမ်လည်သွားသူအား အမှုဖွင့် အရေးယူ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်မြို့မ ရဲစခန်း၌ မေ ၂၇ ရက် ညနေ ၃ နာရီတွင် ငွေကျပ် ၂၅ သိန်းချေးယူပြီး လိမ်လည်သူအား အမှုဖွင့် အရေးယူမှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ  သံဖြူဇရပ်မြို့နယ်  ဝဲခမိကျေးရွာအုပ်စု ကလိုင်ပဒေါ ကျေးရွာနေ ဒေါ်ဝင်းကြည် ၄ဝ နှစ်သည် မေ ၂၇ ရက် ညနေ ၃ နာရီက သံဖြူဇရပ်မြို့မ ရဲစခန်းသို့ ရောက်ရှိလာပြီး  ၎င်းနှင့်ခင်မင်ရင်းနှီးသူ သံဖြူဇရပ်မြို့နယ်    အံခဲးရွာနေ ဒေါ်သက်ထားလွင်သည်  မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် အတွက် ငွေကျပ် ၂၅ သိန်း လာရောက်ချေးငှားသဖြင့် ၎င်းလုပ်ကိုင်နေသော ရော်ဘာခြံအား ပေါင်နှံ၍ ငွေချေးပေးရန်နှင့် နှစ်လကြာလျှင် ပြန်လည်ပေးမည်ဖြစ်ကြောင်း ပြောသဖြင့် တစ်ရွာတည်းနေ ဦးစံပီးထံတွင် ၎င်းပိုင်ဆိုင်သော သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးရှိ  မြေကွက်အမှတ် ၁၅၄၅၊ ဧရိယာ ၈ ဒသမ ဝ၈ ဧကရှိ မြေကွက်အားပေါင်နှံ၍ ငွေကျပ် ၂၅ သိန်းအား ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်သက်ထားလွင်က ချေးငှားထားသော ငွေများအား လာရောက်ပေးအပ်ခြင်း မရှိဘဲ ထပ်မံစောင့်ဆိုင်းရန် ပြောဆိုခဲ့သဖြင့် စောင့်ဆိုင်းခဲ့ကြောင်း၊ ၎င်းနောက် ထပ်မံတောင်းခံခဲ့ရာ ဒေါ်သက်ထားလွင်က ၎င်းငွေများအား   ချေးယူထားခြင်းမရှိဟု   ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သံဖြူဇရပ်မြို့မ ရဲစခန်းက ချေးယူထားသည့် ငွေများအား ပြန်လည်ပေးဆပ်ခြင်း မရှိဘဲ လိမ်လည်သွားသူ ဒေါ်သက်ထားလွင်အား (ပ)၁ဝ၄/၂ဝ၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။