ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များအတွင်းရှိ မြို့များ၌ Mask များ သွားရောက်ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၀

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့နှင့် အင်္ဂပူမြို့၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  ၂၄၀၀၀ ခုကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။