ဟိုပုံးမြို့နယ်၊ သာယာကုန်းကျေးရွာ အနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဟိုပုံး-ဘန်းယဉ်သွား ကားလမ်း မိုင်တိုင်အမှတ်(၂၁၁)၊ ပေါင်းလင်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီး၌  ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဘန်းယဉ်ကျေးရွာဘက်မှ  ဟိုပုံးမြို့ဘက်သို့  အောင်ကျော်မိုး(ခ)ချစ်မုန်း(ဘ)ဦးရိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ   WY စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြား ၄၈ဝဝဝ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄၈ဝ )နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့် အတူ ဖမ်းဆီးရမိသူအား ဟိုပုံးမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။