ဟောင်ကောင်က အမေရိကန်နိုင်ငံသား တစ်ဦးအပါအဝင် အတိုက်အခံအဖွဲ့ဝင်များစွာကိုဖမ်းဆီး

 

ဟောင်ကောင်၊ ပြည်တွင်းရေး

ဟောင်ကောင်အစိုးရအနေဖြင့် အမျိုးသား လုံခြုံရေးဥပဒေအရ အမေရိကန်ရှေ့နေတစ်ဦး အပါအဝင်    အတိုက်အခံအဖွဲ့ဝင်များကို ဖမ်းဆီးလိုက်ကြောင်းနှင့် ထိုသို့ဖမ်းဆီးမှုကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အဆိုပြုခံရသူ    အန်တိုနီဘလင်ကန်က အပြစ်တင်ဝေဖန်ကြောင်းသိရသည်။

ဟောင်ကောင်ရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်သော စစ်ဆင်ရေးအတွင်း အရေးပါသော လွှတ်တော်အမတ်များအပါ အဝင် လူ ၅၀ ခန့်ကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ပြန်သည်။

ထိုဖမ်းဆီးမှုများသည်   ဟောင်ကောင် အစိုးရကဆိုင်းငံ့လိုက်သော စက်တင်ဘာလ တွင်ပြုလုပ်မည့်     လွှတ်တော်အမတ် ရွေးကောက်ပွဲမတိုင်မီ ဇူလိုင်လတွင် လူ ခြောက်သိန်းကျော် လာရောက်မဲပေးသည့် တရားမဝင် ရွေးကောက်ပွဲကျင်းပမှုနှင့် ဆက်နွှယ်နေကြောင်းသိရသည်။

ဒီမိုကရေစီလိုလားသောဆန္ဒပြသူများကို ဖမ်းဆီးမှုသည် ကမ္ဘာ့အခွင့်အရေးအတွက် ရဲရင့်စွာ ထောက်ခံသူများ အပေါ် စော်ကားမှုဖြစ်ကြောင်း အန်တိုနီဘလင်ကန်ကပြောသည်။

ထို့ပြင် အမေရိကန်အစိုးရအသစ်သည် ဟောင်ကောင်ပြည်သူများနှင့်အတူ ရပ်တည် မည်ဖြစ်ပြီး ဒီမိုကရေစီစနစ်အပေါ် တရုတ် အစိုးရ၏နှိမ်နင်းမှုကိုဆန့်ကျင်ကြောင်း ၎င်းက ဆက်ပြောသည်။

Ref: The Japan Times