ဟောင်ကောင်စီးပွားရေး ပြန်လည်တိုးတက်လာ

ဟောင်ကောင်၊ စီးပွားရေး

ဟောင်ကောင် အထူးဒေသ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာကြောင်း မေ ၃ ရက်တွင်ထုတ်ပြန်သော တရားဝင်စာရင်းဇယားများအရ သိရသည်။

ဟောင်ကောင်ဒေသအနေဖြင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၊ လပေါင်းများစွာကြာ ဆန္ဒပြမှုများနှင့်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတို့ကြောင့် ပြီးခဲ့သည့် ၁၈ လအတွင်း စီးပွားရေးဆက်တိုက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆက်တိုက်စီးပွားရေးကျဆင်းမှုသည် ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးကပ်ဘေးနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတို့ထက် ကာလပိုမိုရှည်ကြာကြောင်း သိရသည်။

ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ အဆိုးဝါးဆုံး ကူးစက်မှုလည်း ဖြစ်ပွားခဲ့သည်။ ထို့ပြင် အဆိုပါဒေသ၌ ၂၀၁၉ ခုနှစ်တွင် အကြမ်းဖက် ဆန္ဒပြမှုကြီးများဖြစ်ပွားစဉ် တရုတ်နှင့်အမေရိကန်တို့၏ ကုန်သွယ်ရေး တင်းမာကြားညပ်ခဲ့သည်။ ဟောင်ကောင်ဒေသသည် တရုတ်နိုင်ငံ၌ ပြည်မကြီးပြီးနောက် ကိုဗစ်-၁၉ ရောဂါ စံချိန်တင်ကူးစက်ခံရသည့် ပထမဆုံးနေရာဖြစ်ပြီး စီးပွားရေးသည်လည်း ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ် တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားသည်။

သို့သော်နောက်ပိုင်းတွင် အစိုးရ၏တင်းကျပ်သော ကန့်သတ်မှုများနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေရမည့် စည်းကမ်းများ ချမှတ်မှုကြောင့်   ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

Ref: CNA