အကယ်ဒမီခုနစ်ဆုရှင် မင်းသားကြီး ဦးညွန့်ဝင်း ကွယ်လွန်

ရန်ကုန်  ဇူလိုင်  ၁

မြန်မာ့ရုပ်ရှင်လောက၏    ဂန္ထဝင် အနုပညာရှင်  အကယ်ဒမီခုနစ်ဆု ပိုင်ရှင် မင်းသားကြီး ဦးညွန့်ဝင်းမှာ  ယနေ့နံနက်ပိုင်းတွင်    အာရှတော်ဝင်ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း  သိရသည်။

ဂန္ထဝင်အနုပညာရှင် မင်းသားကြီး ဦးညွန့်ဝင်းသည်  ဗဟန်းမြို့နယ်  သံလွင်လမ်း၊ အမှတ်(၃၈) ရွှေတောင်ကြား(၂) ရပ်ကွက်၌ နေထိုင်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်ကာ ဇနီးနှင့် သား၊ သမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

မင်းသားကြီး    (ဦး)ညွန့်ဝင်းသည် ၁၉၆၈ ခုနှစ်တွင် ''ဗန်တိုလူလေးနှင့်သူဇာ''၊ ၁၉၇၁ ခုနှစ်တွင် ''ချစ်သူဝိုင်းဝိုင်းလည်''၊ ၁၉၈၃  ခုနှစ်တွင်  ''တတိယအရွယ်၏ ဒုတိယဝေဒနာ''၊   ၁၉၉၃ ခုနှစ်တွင် ''သီတာခုနစ်တန်''၊ ၁၉၉၇ ခုနှစ်တွင် ''သူ့ကျွန်မခံပြီ''၊ ၂ဝဝ၂ ခုနှစ်တွင် ''ဆန်ရေ'' နှင့် ၂ဝဝ၄ ခုနှစ်တွင် ''လျှို့ဝှက်သောနှင်း''  စသည့်  ရုပ်ရှင်ဇာတ်ကားများဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု   ခုနစ်ကြိမ်ရရှိထားသူဖြစ်ကြောင်း သိရသည်။