အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား ရေစကြိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုအတွင်းမှ ဖော်ထုတ်သိမ်းဆည်းရမိ

အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား ရေစကြိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုအတွင်းမှ ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မြို့နယ်အစပ်ရှိ ကျေးရွာအချို့တို့တွင် အကြမ်းဖက်သင်တန်းများပို့ချခြင်း၊ လက်လုပ် သေနတ်များပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင် များသည် လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကိုဆောင်ရွက်ရှိရာ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာ၊ ကမ္ဘာအေးဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ လက်နက်ခဲယမ်းများ အား ယနေ့ မွန်းလွဲပိုင်းတွင် ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။
ဖော်ထုတ်သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအနေဖြင့် လက်လုပ် စိန်ပြောင်း ၂ လက်၊ လက်လုပ်ပခုံးထမ်းဒုံး ၁ လက်၊ တူမီး ၂၂ လက်၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ စနက်တံမျိုးစုံ ၂၀၀ ခု၊ လက်နက်နှင့် မိုင်းများပြုလုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများကို သိမ်းဆည်းရမိ ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက် အား ဆက်လက်ရှာဖွေဖော်ထုတ်ခဲ့ရာ ဦးကျော်နိုင်(၄၈)နှစ် မြစ်သာကျေးရွာနေထိုင်သူအား လက်လုပ်သေနတ်ပြုလုပ်နေသည့် မှတ်တမ်းဓာတ်ပုံ များ ပါဝင်သည့် လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး နှင့် ဆက်စပ်သူများအား ထပ်မံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။