အကြမ်းဖက်သူများက စိန်ရွှေကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း သို့ ဝင်ရောက်ကာ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဖတ်စာအုပ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် - ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ စာသင်ကျောင်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားစေလျက် ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် NLD ပါတီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသည့် အကြမ်း ဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ ရေးသား ခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ယင်းသို့ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီ ခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘွက်ကြီးကျေးရွာအုပ်စု၊ စိန်ရွှေကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းအတွင်းရှိ စတုတ္တတန်းစာသင်ခန်းအတွင်းသို့ အကြမ်း ဖက်သူများက ဝင်ရောက်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဖတ်စာအုပ်မျိုးစုံ ၅၆ အုပ်၊ ဗလာစာအုပ် ၃ ဒါဇင်၊ ပရိဘောဂပစ္စည်းမျိုးစုံတို့အား မီးရှို့ထွက်ပြေးသွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် အဆိုပါစာသင်ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် စာသင်ကြားမှု မပျက်ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့ခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ သည်။