အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ သင်တန်း တက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများ အား ပြစ်ဒဏ်အသီးသီးချမှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ သင်တန်း တက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများ အား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဇန်နဝါရီ - ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အောင်ပိုင်သူ(ခ)မိုးညို (ဘ)ဦးသန်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းတို့ကြောင့်လည်းကောင်း၊ ထက်ဝေယံ(ခ) နောင်နောင် (ဘ)ဦးဇော်နိုင်သည် အောက်တိုဘာလအတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း၊ ညိုချော(ခ)ရာဇာ(ဦး)သန်းဌေးသည် ဆူပူ ဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ ဖောက်ခွဲဖျက် ဆီးရေး လုပ်ငန်းများနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် လည်း ကောင်း၊ ဖြိုးအောင်(ခ)ကိုဖြိုး(ဘ)ဦးသောင်းထွန်းသည် ဆူပူဆန္ဒပြမှုဖြစ်စဉ် များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေ အတွင်း၌ သင်တန်းတက်ရောက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း တို့ကြောင့် လည်းကောင်း၊ ထက်လွင်ကို(ခ)ထက်ရှား(ခ)ရှားတင်(ဘ)ဦးဇော်ဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ခြင်း ကြောင့် လည်းကောင်း၊ ဇင်မင်းထွန်း(ခ)ဒိုးလေး(ဘ)ဦးထွန်းထွန်း အပါအဝင် ၄ ဦးသည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ် ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (ည)အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့အား“ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
အလားတူ အောက်တိုဘာ ၁၃ ရက်တွင် ဇွဲဝေယံထွဋ်(ခ) အက်ဒီဇင်(ဘ) ဦးနိုင်ဝင်း အပါအဝင် ၄ ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၁)ရပ်ကွက်၊ ယုဇနလမ်းနေ ရာအိမ်မှူးတစ်ဦးအားသေနတ်ဖြင့် ဝိုင်းဝန်း လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(က)/ ၅၄ အရ ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့ ၄ ဦးအား “သေဒဏ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
ထို့အတူ နိုဝင်ဘာ ၁၇ ရက်တွင် စိုးနိုင်(ဘ)ဦးမြအေး အပါအဝင် အမျိုးသား ၇ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်အတွင်း၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် အများပြည်သူလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များအား နှောက်ယှက်တားဆီးခြင်းကြောင့်လည်းကောင်း၊ ထက်ရှား(ခ)ထက်လွင်ကို(ခ)ရှားတင်(ဘ)ဦးဇော်ဝင်းအပါအဝင် ၃ ဦးသည် မြောက် ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ ရာအိမ်မှူးတစ်ဦး၏ နေအိမ် အား လက်လုပ်ချိန်ကိုက်ဗုံး တစ်လုံးဖြင့် ပေါက်ခွဲရန်ကြိုးစားခဲ့သည့် အတွက်ကြောင့် လည်းကောင်း၊ စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ - ဂ အရ ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့ ၁၀ ဦးအား “ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၀ နှစ် ”ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ် လိုက်ကြောင်းသိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူ များ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။