အချိန်ပိုသွင်းဂိုးများဖြင့် ခရိုအေးရှားအသင်းကိုအနိုင်ရရှိပြီး စပိန်အသင်း ယူရို ၂၀၂၀ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်

နီယွန်၊ ဘောလုံး

ယူရို ၂၀၂၀ ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ် အဖြစ် စပိန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ဇွန် ၂၈ ရက်ညက ယှဉ်ပြိုင်ကစားရာ  စပိန်အသင်းက  အချိန်ပိုသွင်းဂိုးများဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  နှစ်သင်းစလုံး  အပြန်အလှန် ဖိအားပေးကစားခဲ့ကြပြီး  ပွဲချိန်  မိနစ် ၂၀ တွင်  ပက်ဒရီ၏ ကိုယ့်ဂိုး ကိုယ်သွင်း မိသည့်ဂိုးဖြင့်  ခရိုအေးရှားအသင်းက  ဦးဆောင်ခဲ့သည်။  ပွဲချိန် ၃၈ မိနစ်တွင်  ဆာရားဘီးယား၊  ပွဲချိန် ၅၇ မိနစ်တွင် အက်ပလီကွီတာ၊ ပွဲချိန် ၇၇ မိနစ်တွင် တောရက်စ်တို့ က စပိန်အသင်းအတွက် ဂိုးများသွင်းယူနိုင်ခဲ့သော် လည်း ပွဲချိန် ၈၅ မိနစ်တွင် အိုရီဆစ်နှင့် ပွဲချိန် ၉၂ မိနစ်တွင် ပါဆာလစ်တို့က ချေပဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် သုံးဂိုးစီသရေရလဒ်ထွက်ပေါ်ကာ အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရသည်။

အချိန်ပို မိနစ် ၃၀ တွင် စပိန်အသင်းက ဖိအားပေး ကစားခဲ့ရာမှ ပွဲချိန်  မိနစ် ၁၀၀ တွင် မိုရာတာနှင့် ပွဲချိန် ၁၀၃ မိနစ်တွင် အိုယာဇာဘယ်တို့က  ဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် စပိန်အသင်း ၅ ဂိုး - ၃ ဂိုးဖြင့်   အနိုင်ရရှိပြီး    ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ဇူလိုင် ၃ ရက်တွင် ဆွစ်ဇာလန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Ref;90Min