အင်တာမီလန်အသင်း အဓိက တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ၂ဝ၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထား

အင်တာမီလန်အသင်း အဓိက တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ၂ဝ၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထား

အင်တာမီလန်အသင်းက အသင်းမှ အဓိက တိုက် စစ်ကစားသမား မာတီနက်ဇ်ကို ၂ဝ၂၆ ခုနှစ်အထိ ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘော တူညီမှု ရရှိထားကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက အင်တာမီလန်အသင်းနှင့် ခြေစွမ်း ပြနိုင်ခဲ့ပြီးနောက် ၂ဝ၂ဝ  ပြည့်နှစ် နွေရာသီကစား သမား   အပြောင်းအရွှေ့ကာလက   ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း နောက်ဆုံးရက်တွင်     ပျက်ပြယ်ခဲ့ရသည့်အတွက် အင်တာမီလန် အသင်းနှင့် ဆက်လက် ပူးပေါင်းခဲ့ရခြင်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့်  ဘောလုံးရာသီကလည်း အသင်းနှင့် ခြေစွမ်းပြသနိုင်ခဲ့ကာ   အင်တာမီလန် အသင်းချန်ပီယံ ဆုဖလားဆွတ်ခူးရာတွင် အဓိက ကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက  စပါးအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း အင်တာမီလန်အသင်းက  ငြင်းပယ်ခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

အီတလီထိပ်တန်း   သတင်းစာတစ်စောင်တွင် ''မာတီနက်ဇ်အနေနဲ့ အင်တာမီလန် အသင်းနဲ့ ၂ဝ၂၆ ခုနှစ်  ဇွန်လအထိ  သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။    လက်ရှိအချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ နောက်ဆုံးအဆင့်ကို ရောက် ရှိနေပြီး   မကြာမီ   သက်တမ်းတိုး စာချုပ်အတွက် အပြီးသတ်ပါလိမ့်မယ်။  မာတီနက်ဇ် အနေနဲ့လည်း နောက်ဆုံးတော့ အင်တာမီလန်အသင်းနဲ့ပဲ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်'' ဟု ဖော်ပြပါရှိကြောင်း  သိရသည်။                    

Ref;Dello Sports