အင်ဒိုနီးရှားက လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်းများရှာဖွေမှုကိုရပ်ဆိုင်း

ဂျကာတာ၊ ကယ်ဆယ်ရေး

အင်ဒိုနီးရှားနိုင်ငံရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် မကြာသေးမီကပျက်ကျသွားသောလေယာဉ်မှ ရုပ်အလောင်းများရှာဖွေမှုကိုရပ်ဆိုင်းပြီး လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်ကိုသာ ဆက်လက်ရှာဖွေ မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။

လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရုပ်အလောင်းအပိုင်းအစများနှင့် လေယာဉ် အစိတ်အပိုင်းများပါဝင်သော အိတ်စုစုပေါင်း ၃၂၄ လုံးကို ရရှိထားပြီဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် ဘားဂက်ပူရူဟီတိုကပြောသည်။ သီရိဝိဇယလေကြောင်းလိုင်းမှ အမှတ် SJ182  လေယာဉ်သည်  ဇန်နဝါရီ  ၉ ရက်တွင် ဂျကာတာလေဆိပ်မှထွက်ခွာပြီး နောက်  ၄  မိနစ်အကြာတွင် ဂျကာတာပင်လယ်ထဲသို့ ပျက်ကျသွားခြင်းဖြစ်သည်။

ရေငုပ်သမားများအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်တွင် ထိုလေယာဉ်မှ ပျံသန်းမှုမှတ်တမ်းတင်စက် (Black Box) ကို ပင်လယ်ကြမ်းပြင်မှရှာဖွေတွေ့ရှိထားသည်။ ပျက်ကျသွားသည့် လေယာဉ်သည် သက် တမ်း ၂၆ နှစ်ရှိပြီဖြစ်သည့် ဘိုးအင်း ၇၃၇-၅၀၀ အမျိုးအစားလေယာဉ်ဖြစ်ပြီး ထိုလေယာဉ်ပျက် ကျမှုသည် ၂၀၁၈ ခုနှစ် နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၌ အကြီးမားဆုံး လေကြောင်းမတော်တဆမှုဖြစ် ကြောင်း သိရသည်။