အင်းစိန်အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြန်လည်ဖြေကြား

အင်းစိန်အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြန်လည်ဖြေကြား

နေပြည်တော်  ဇူလိုင်  ၂၃

မေး။ အင်းစိန်အကျဉ်းထောင်မှာ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ မှာ အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားတဲ့ အချုပ်သားများ  ဆူပူမှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။  ဒီဆူပူမှုနဲ့ပတ်သက်ပြီး သိလိုပါတယ်။

ဖြေ။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက် နံနက် ၇ နာရီ  မိနစ်၂၀ မှာ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေကနေပြီးတော့  ဆူပူမှု ဖြစ်တာရှိပါတယ်။ ဆူပူမှုဖြစ်တဲ့အချိန်မှာပဲ တာဝန်ရှိတဲ့ ရန်ကုန်တိုင်းဦးစီးမှူး၊ ညွှန်မှူးတို့၊ အင်းစိန်ထောင်ပိုင်တို့က ဆူပူမှုဖြစ်တဲ့ အချုပ်သားတွေကို သွားရောက်တွေ့ဆုံပြီးတော့ သူတို့ရဲ့လိုလားချက်တွေ၊ တောင်းဆို ချက်တွေ သွားပြီးမေးမြန်းတယ်။ ညှိနှိုင်းပြီးတော့ ဆွေးနွေးပေးတယ်။ ဆွေးနွေးမှုကို သူတို့က လက်ခံပြီးတော့ ၉ နာရီခွဲလောက်မှာ အေးဆေးဖြစ်သွားပါပြီ။ သူတို့ တောင်းဆို ချက်တွေကတော့  အကျဉ်းထောင်က  ထိန်းသိမ်းထားတဲ့အဖွဲ့တွေ နိုင်ငံတော်အနေနဲ့ စိစစ်ပြီး တော့ ပြန်လွှတ်ပေးတဲ့အချိန်မှာ မပါတဲ့ အဖွဲ့တွေက တောင်းဆိုတဲ့သဘောပေါ့။ 

နိုင်ငံတော်အနေနဲ့ ပထမတစ်ခေါက် ၆ လပိုင်းမှာတုန်းကလည်း စိစစ်ပြီးတော့    ပြန်လွှတ် ပေးရမယ့်သူဆိုရင် လွှတ်ပေးခဲ့တာပဲ။ အခုလည်း ပြန်လွှတ်ပေးတယ်ဆိုတာ တကယ်တမ်း ကျတော့ တချို့အမှုတွေက ကိုဗစ်-၁၉ ကြောင့် မစစ်ဆေးနိုင်ပေမယ့် ပြစ်ဒဏ်ကျတဲ့ ကာလလောက်နဲ့ တူညီတဲ့အနေအထားတွေဖြစ်တာပေါ့။ အဲ့ဒါကြောင့်   ဒါတွေကို စိစစ်ပြီးတော့ ပြန်လွှတ်ပေးတာပေါ့။ အဲဒီအပေါ်မှာမူတည် ပြီးတော့ သူတို့ကကျတော့  မပါဘူးပေါ့၊ သူတို့ကိုပဲ မတရားဖိနှိပ်သလိုမျိုးယူဆပြီးတော့ သူတို့က ဆူပူမှုဖြစ်အောင် လုပ်တာပေါ့။

ထောင်ဝင်စာနဲ့ ပတ်သက်ပြီးတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့အချိန်ကစပြီး  ထောင်ဝင်စာ ဧည့်သည်တွေ့ဆုံခွင့်ကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့ထားတဲ့ အဓိက အကြောင်းရင်းက ကိုဗစ်-၁၉ ဖြစ်ပွားမှု နှုန်းကလည်းများတယ်၊ ကူးစက်မှုကလည်း မြန်ဆန်တဲ့အတွက် ထောင်ဝင်စာတွေ့ဆုံတဲ့ လူတွေက အများကြီးပေါ့။ ဒီအကျဉ်းထောင် မှာရှိတဲ့ လူတွေအကုန်လုံးကို အပြင်က လူတွေအကုန်လုံးက လာတွေ့တဲ့အချိန်မှာ လူစုလူဝေးဖြစ်ပေါ်မှာပေါ့။ အဲဒီတော့ လူစု လူဝေးဖြစ်မှာကို စိုးရိမ်တဲ့အနေနဲ့ ထောင်ဝင် စာတွေ့ဆုံခြင်းကို   ဆိုင်းငံ့ထားတာပေါ့။ ထောင်ဝင်စာမတွေ့ဆုံရပေမယ့် အထဲမှာ ရှိတဲ့ အကျဉ်းသား၊  အချုပ်သားတွေကို ကျန်တဲ့အပြင်က သူတို့ရဲ့ မိဘဆွေမျိုးတွေကတော့ ထောင်ဝင်စာ ပါဆယ်ပစ္စည်းပေး လို့ရပါတယ်။ အဲ့ဒါကိုတော့ လက်ခံဆောင် ရွက်ပေးထားပါတယ်။

ပြီးရင် အပြင်က မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ်လုပ်ဖို့ စာရေးသားခွင့်တွေကို စီစဉ်ဆောင်ရွက်ပေးထားတယ်။ အကျဉ်းထောင်ရဲ့အစီအစဉ်နဲ့ပေါ့နော်။ပြီးရင် ကျန်းမာရေး စောင့်ရှောက်မှုပေါ့။ အကျဉ်းထောင်လာအပ်ကတည်းက၊ အကျဉ်းထောင်ကနေ လက်ခံ ကတည်းက သူတို့ကို ထောင်ဝင်ကျန်းမာရေးစစ်ဆေး ချက်ဆိုတာရှိတယ်။ အဲဒီလိုမျိုး စစ်ဆေးပြီး တော့မှလက်ခံတယ်။ ကပ်ရောဂါတွေမဖြစ် တုန်းကလည်း အကျဉ်းထောင်ကို လာအပ်တဲ့ ဘယ်အကျဉ်းသား၊    အချုပ်သားမဆို  ထောင်ဝင်ကျန်းမာရေး စစ်ဆေးချက် ဆိုတာရှိတယ်။ အဲ့ဒါကို စစ်ကိုစစ်ရတယ်။

စစ်ပြီးတော့မှ သူတို့ရဲ့  ကျန်းမာရေး ကောင်းမွန်မှု ရှိ၊  မရှိ။   ခန္ဓာကိုယ်မှာ  ဘာအနာတရ ရှိသလဲ၊   ဒါမှမဟုတ်  ကျန်တဲ့ဘာရောဂါတွေရှိသလဲ။ ဒါတွေ  သေချာစစ်ဆေးစိစစ် ပြီးတော့မှ လက်ခံတာပါ။ အဲဒီလို ဘာကြောင့်လက်ခံသလဲဆိုရင် ဒီအကျဉ်းသား၊ အချုပ်သားတစ်ယောက်က အကျဉ်းထောင်မှာ ထားသင့်လား၊ မထားသင့်ဘဲနဲ့ အပြင်ဆေးရုံမှာပဲ တင်ထားရမယ့် လူလားဆိုတာ သေချာစစ်ဆေးတာ။ ပြောချင်တာ ကတော့ ဒဏ်ရာတွေဗရပွနဲ့ လာအပ်တယ်ဆိုရင် အကျဉ်းထောင်မှာပဲ ထိန်းသိမ်းလို့ အဆင်မပြေဘူးဆိုရင် ပြင်ပဆေးရုံ တစ်ခါတည်းတင်ပို့ပြီးတော့ ကုသပေးတာဖြစ်ပါတယ်။

(သတင်းစဉ်)