အတ္တလန္တာအသင်းမှ စီးရီးအေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရ ခံစစ် ကစားသမား ရိုမဲရိုးကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၅ သန်းဖြင့် စပါးအသင်း စာချုပ်ချုပ်ဆို

အတ္တလန္တာအသင်းမှ စီးရီးအေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရ ခံစစ် ကစားသမား ရိုမဲရိုးကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၅ သန်းဖြင့် စပါးအသင်း စာချုပ်ချုပ်ဆို

စပါးအသင်းက   စီးရီးအေကလပ်   အတ္တလန္တာအသင်းမှ ခံစစ်ကစားသမား ရိုမဲရိုးကို ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၅၅  သန်းဖြင့်  အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆိုနိုင် ခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ရိုမဲရိုးသည် ၂၀၁၈ ခုနှစ်က   ဂျီနိုအာအသင်းမှ    ဂျူဗင်တပ်စ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းတွင်  ကစားခွင့်မရရှိဘဲ   ဂျီနိုအာအသင်းတွင်သာ  အငှားစာချုပ်ဖြင့် ကစားခဲ့ရကာ ၂၀၂၀ ပြည့်နှစ်က အတ္တလန္တာ အသင်းသို့   ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်သည်။

ရိုမဲရိုးသည် အတ္တလန္တာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ကာ  ပြီးခဲ့သည့်ဘောလုံးရာသီက စီးရီးအေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုပင် ရရှိခဲ့သူဖြစ်သည်။

စပါးအသင်းသည် အစောပိုင်းက အတ္တလန္တာအသင်းမှ ဂိုးသမား ဂိုလီနီကို တစ်နှစ်အငှား စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒုတိယမြောက်အတ္တလန္တာ အသင်းကစားသမားအဖြစ် ရိုမဲရိုးကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

စပါးအသင်းသည် ရိုမဲရိုးကို အစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးအရ  သဘောတူညီမှု ရရှိထားသော်လည်း ယခုအခါမှသာ တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး  ကာလရှည် စာချုပ်တစ်ရပ်ဖြစ်သည့် ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကာ အသင်းတွင် ကျောနံပါတ် (၄) ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

Ref: Sky Sports