အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပုသိမ် လေတပ်စခန်းဌာနချုပ်အသင်းက ဒိုင်းဆုရရှိ

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပုသိမ် လေတပ်စခန်းဌာနချုပ်အသင်းက ဒိုင်းဆုရရှိ

နေပြည်တော်၊ စက်တင်ဘာ -၁၂

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစား ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဒိုင်းဆုအား ပုသိမ်လေတပ်စခန်းဌာနချုပ်အသင်းက ရရှိသွား ကြောင်း သိရှိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော အသင်းများ၊ တစ်ဦးချင်းဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် ပုသိမ်လေတပ် စခန်းဌာနချုပ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။