အမေရိကန်၏ ဦးဆောင်မှုနောက်သို့ သတိဖြင့်လိုက်ရန် လိုအပ်လာသည့် NATO  တပ်ဖွဲ့ဝင် ဥရောပနိုင်ငံများ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အဆိုပြုသည့် စီမံကိန်းများကို NATO  တပ်ဖွဲ့ဝင် နိုင်ငံများက သဘောတူဖော်ဆောင်မည် ဆိုပါက ကောင်းကျိုးထက် ဆိုးကျိုးနှင့်သာ ရင်ဆိုင်ရမည်ဟု    ကျွမ်းကျင်သူများက ထောက်ပြထားသည်။

အမေရိကန်နှင့်  NATO    တပ်ဖွဲ့ဝင် နိုင်ငံများသည် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ခြင်း (B3W) ဟူသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျင်းပ သော NATO ထိပ်သီးဆွေးနွေးပွဲ၌ ထုတ်ပြန်ခဲ့သည်။  အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံက ဖော်ဆောင်သည့်   အမေရိကန်ဒေါ်လာ  ဘီလီယံနှင့်ချီ တန်ဖိုးရှိ ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခုဟူသော ကနဦး ဆောင်ရွက်မှု စီမံကိန်းကို  ယှဉ်ပြိုင်ရန်ဖြစ် သည်။

ဂျိုးဘိုင်ဒင်က အဆိုပြုထားသည့် B3W ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည် အဓိက အားဖြင့် အခြေခံအဆောက်အအုံ စီမံကိန်း တစ်ရပ်ဖြစ်ပြီး  တန်ဖိုးမှာ  အမေရိကန် ဒေါ်လာ ၄ဝ ထရီလီယံခန့်ရှိသည်။ အဆိုပါ စီမံကိန်းသည် အမေရိကန် အစိုးရကဖော် ဆောင်နေသည့် ပြည်တွင်းစီမံကိန်း တစ်ရပ်ကို  ကမ္ဘာအနှံ့အပြားတွင် ဖော်ဆောင်ရန် တိုးချဲ့ထားခြင်းဖြစ်သည်။

ရည်ရွယ်ချက်မှာ နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၇ဝ ကျော်တို့အား လွှမ်းခြုံမည့် တရုတ်အစိုးရ၏ ရပ်ဝန်းတစ်ခု၊  လမ်းမတစ်ခု စီမံကိန်းကို   ယှဉ်ပြိုင်နိုင်မည်ဖြစ် သည်။

တရုတ်အစိုးရသည်   ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခုစီမံကိန်းကို  ၂ဝ၁၃  ခုနှစ် ကတည်းက   စတင် အကောင်အထည်ဖော် ဆောင်နေခြင်းဖြစ်သည်။    အမေရိကန် အနေဖြင့် တရုတ်၏ အဆိုပါစီမံကိန်းကို ပြိုင်ဆိုင်လိုပါက   နိုင်ငံအများအပြားနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အပြင်  စေ့စပ်ညှိနှိုင်းမှု များစွာကို    လုပ်ဆောင်ရမည့် အလားအလာရှိသည်။

အဆိုပါထိပ်သီး ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးခဲ့သော ကိစ္စရပ်များကိုကြည့် မည်ဆိုပါက ရုရှားနိုင်ငံကြောင့် ထွက်ပေါ်လာသည့်   ခြိမ်းခြောက်မှုနှင့်  တရုတ်၏  စိန်ခေါ်မှု စသည့် အကြောင်းအရာများကို တွေ့ရမည်ဖြစ်သည်။

ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုဟူသော အကြောင်းပြချက်များဖြင့် အမေရိကန်က ရုရှားနှင့် တရုတ်တို့အား ရန်သူ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများ အဖြစ်ရှုမြင်၍  ယင်း နိုင်ငံများအား တန်ပြန်ရန်   ကြိုးပမ်းနေ သည်။

ထို့ကြောင့် NATO တပ်ဖွဲ့အတွင်းရှိ ဥရောပနိုင်ငံများ အနေဖြင့် အမေရိကန်၏ ဦးဆောင်မှုနောက်သို့   လိုက်ပါနေမည် ဆိုပါက စီးပွားရေးနှင့်  နိုင်ငံရေးအရ မိမိကိုယ်မိမိ သတ်သေသကဲ့သို့ အခြေအနေမျိုး ဆိုက်ရောက်စေနိုင်သည်ဟု ကျွမ်းကျင် သူများက ဆိုထားသည်။

ဂျိုးဘိုင်ဒင်သည် ကမ္ဘာ့နိုင်ငံရေးတွင် အမေရိကန်က ဆက်လက် ဦးဆောင်နိုင်ရန် ကြိုးပမ်းမည်ဟူသော အချက်ကို ၎င်းသမ္မတ ဖြစ်လာပြီးချိန်မှစ၍  ရှင်းလင်းစွာဖော် ဆောင်လျက်ရှိပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ America First  ဟူသော ကြွေးကြော်သံအစား  အမေရိကန်ပြန်လာပြီ (America is Back ) ဟူသော ကြွေးကြော်သံကို  ဖော်ဆောင်နေသည်ဟု  ဗြိတိန် နိုင်ငံရှိ သက်တမ်း အရင့်ဆုံးသော သုတေသန အဖွဲ့ကြီးတစ်ခုဖြစ်သည့် Bow Group မှ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌဟောင်း အက်ဒရီယဲလ်ကာဆွန်တာက  ပြောကြား ထားသည်။

ဂျိုးဘိုင်ဒင်၏ ပြန်လည်တည်ဆောက်ခြင်း ဟူသော စကားလုံး၏   အဓိပ္ပာယ်ကို လေ့လာမည်ဆိုပါက   ဒေါ်နယ်ထရမ့် သမ္မတအဖြစ် လေးနှစ်တာ ထမ်းဆောင်ခဲ့စဉ် ကမ္ဘာတစ်ဝန်းလုံး၌  ယိုယွင်းပျက်စီးခဲ့သည့် အမေရိကန်၏ ပုံရိပ်ကို ပြန်လည်  တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဥရောပရှိ NATO တပ်ဖွဲ့ဝင် မဟာမိတ်နိုင်ငံများ အထူးသဖြင့်  ဥရောပသမဂ္ဂ    အဖွဲ့ဝင်နိုင်ငံ အများစုနှင့်  ဆက်ဆံရေး ပြန်လည်တိုးတက် လာစေရန် လုပ်ဆောင်နေစဉ်     အမေရိကန်က လုပ်ဆောင်မည့် ပြိုင်ဘက်နိုင်ငံများကို   ပြန် လည်တန်ပြန်ရေး ကြိုးပမ်းမှုတွင်  ဥရောပနိုင်ငံများ ပါဝင်လာစေရန်   စည်းရုံးလာ ဖွယ်ရှိသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် အမေရိကန်၏ မဟာမိတ် နိုင်ငံများဖြစ်သည့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများတွင်လည်း တရုတ်နှင့် ဆက်ဆံရေးတွင် ကိုယ်ပိုင်အခက်အခဲများ၊ အဟန့် အတားများနှင့်    ရင်ဆိုင်နေရသည်။ အကြောင်းမှာ ဥရောပသမဂ္ဂနှင့် တရုတ် တို့ကြား   အတည်ပြုမည့်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက် မှတ်ရေးထိုးမည့် အစီအစဉ်ကို    ဥရောပ သမဂ္ဂမှ ယာယီရပ်ဆိုင်းခဲ့သည်။

တရုတ်နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကြောင့် ဖြစ်သည်ဟု ဥရောပနိုင်ငံများက အကြောင်းပြချက် ပေးထားသည်။ ဥရောပသမဂ္ဂ၏ အဆိုပါ လုပ်ဆောင်ချက်နှင့် စပ်လျဉ်း၍   ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးက ဝေဖန်ပြောကြားခဲ့ သည့်အပြင်     ထိုသို့လုပ်ဆောင်မှုသည် နိုင်ငံရေးကစားကွက် တစ်ခုသာဖြစ်သည် ဟုတုံ့ပြန်ခဲ့သည်။ ထို့ကြောင့်  အမေရိကန်၏   ဥရောပမဟာမိတ် နိုင်ငံများအနေဖြင့် လက်ရှိတင်းမာနေသည့် တရုတ်နှင့်ဆက်ဆံရေး ပိုမိုဆိုးရွားလာခြင်း မရှိစေရေး   သတိ ထား လုပ်ဆောင်ရန် လိုအပ်နေသည့်  အခြေအနေတွင် ရှိနေသည်။

ထိုသို့အခြေအနေမျိုးတွင်  တရုတ်အား တန်ပြန်ရေး ကြိုးပမ်းမှုကို တစိုက်မတ်မတ် လုပ်ဆောင်နေသည့်   အမေရိကန်အစိုးရ၏ ဦးဆောင်မှုနောက်သို့  NATO တပ်ဖွဲ့ဝင် ဥရောပနိုင်ငံများက   လိုက်ပါဆောင်ရွက်မည်ဆိုပါက  စီးပွားရေးနှင့်   နိုင်ငံရေး အကျိုးစီးပွားကို ပျက်စီးစေနိုင်သောကြောင့် ဥရောပနိုင်ငံများ အနေဖြင့် အမေရိကန်၏ ဦးဆောင်မှုနောက်သို့  သတိဖြင့်လိုက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

Ref: CNA, Sputnik