အမ်ဘတ်ပီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁ ၀ ခန့်ရရှိမှသာ ရောင်းချမည်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုအတည်ပြု

ပဲရစ်၊ ဘောလုံး

ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက အသင်းမှ တိုက်စစ်မှူး အမ်ဘတ်ပီကို ပြောင်း ရွှေ့ကြေး ယူရို သန်း ၁၈၀ ခန့်ရရှိမှသာ ရောင်းချမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အပြောင်းအရွှေ့ ကာလ နောက်ဆုံး ရက်သတ္တပတ်ရောက်ရှိလာချိန်တွင် ကာလရှည် ပစ်မှတ်ထားခေါ်ယူရန်ကြိုးစားနေသည့် အမ်ဘတ်ပီကို  ပြောင်းရွှေ့ကြေး  ယူရို  သန်း  ၁၆၀ ဖြင့်ကမ်းလှမ်းခဲ့သော်လည်း   ပီအက်စ်ဂျီအသင်းက ပယ်ချခဲ့ပြီး မိုနာကိုအသင်းကဝယ်ယူခဲ့သည့် ပြောင်း ရွှေ့ကြေး ယူရို သန်း ၁၈၀ ခန့်အထိ အလိုရှိနေခြင်းဖြစ် သည်။

ပီအက်စ်ဂျီအသင်းအနေဖြင့်လည်း အမ်ဘတ်ပီနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့်အတွက် လာမည့်နှစ် အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့်အခြေအနေများကြောင့် လက်ရှိကစားသမား အပြောင်း အရွှေ့ကာလကတည်းက ရောင်းချရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက “အမ်ဘတ်ပီက အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားပါတယ်။  ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာဆက်နေဖို့ ဆွဲထားမှာမဟုတ်ပါဘူး။ ထိုက်သင့်တဲ့ပြောင်းရွှေ့ကြေးရရှိမယ်ဆိုရင်  ခွင့်ပြု မှာပါ။ သူ့ကိုကမ်းလှမ်းခဲ့တဲ့ ယူရို သန်း ၁၆၀ ဆိုတာ ကျွန်တော်တို့ခေါ်ယူခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် နည်းပါတယ်။ ပြောင်းရွှေ့ကြေး ယူရို  သန်း ၁၈၀ လောက်ရမှ   အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ပါတယ်” ဟု ပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အမ်ဘတ်ပီကို လာမည့်နှစ်  ကစားသမားအပြောင်းအရွှေ့ကာလ ရောက်မှခေါ်ယူလျှင် ပြောင်းရွှေ့ ကြေးပေးချေရမည် မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သော်လည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆိုလျှင် ထိပ်တန်းအသင်းကြီးများနှင့် အပြိုင်ခေါ်ယူရမည်ဖြစ်ပြီးခက်ခဲနိုင်သည့်အခြေအနေများကြောင့် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလမပြီးဆုံးမီ ခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

Ref;L'Equipe