အမ်းမြို့နယ်၊ နေကာရွာသစ်၌ မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်၊ စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း

အမ်းမြို့နယ်၊ နေကာရွာသစ်၌ မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်၊ စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ၊ မတ် - ၇
    
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စု၊ နေကာရွာသစ်၌ မတ် ၆ ရက်မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ဦးဂျင်လုံး(ဘ)ဦးဖိုးရှင်နေအိမ်အနီးရှိ မီးရှို့ထားသော အမှိုက်ပုံမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
    
မီးလောင်မှုဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များက မီးသတ်ယာဉ်တစ်စီးဖြင့် စုပေါင်းငြှိမ်းသတ်ခဲ့သဖြင့် မတ် ၆ ရက် ညနေ ၅ နာရီခွဲ တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လူနေအိမ် ၁၂ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 
    
အဆိုပါမီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သော ဒေသခံပြည်သူများအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ ဆန်၊ ဆီ၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
    
ထို့ပြင် နယ်မြေခံတပ်မတော်သားများက မီးလောင်းပျက်ဆီးခဲ့သည့် နေအိမ် အဆောက်အဦများနှင့် ပတ်ဝန်းကျင်နေရာများအား ရှင်းလင်းပေးပြီး မီးလောင်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအတွက် နေထိုင်ရန်ယာယီတဲများ ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။