အမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၉)နှစ် အထိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံ

အမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၉)နှစ် အထိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁၆

        ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ(၉)နှစ်အထိကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

        ဦးစွာ ကျန်းမာရေးထန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၄၄၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးမှုများ ဆောင်ရွက်ပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများ ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။