အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ လားရှိုးတပ်နယ်(ခ) အသင်းက ဒိုင်းဆုရရှိ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ လားရှိုးတပ်နယ်(ခ) အသင်းက ဒိုင်းဆုရရှိ

 
နေပြည်တော်၊ မေ - ၂၀

 
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

 
ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် လားရှိုးတပ်နယ်(ခ)အသင်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(စခန်းရုံး)အသင်းတို့၏ ပိုက်ကျော်ခြင်း ၂ ယောက်တွဲနှင့် ၃ ယောက်တွဲ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆု ရရှိသည့် လားရှိုးတပ်နယ်(ခ)အသင်းတို့အား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

 
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် အုပ်စု ၄ စုခွဲကာ မေ ၁၆ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။