အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၈

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ မဟာသန္တရံသီစေတီတော် ကြီးဓမ္မာရုံ၌ ပြုလုပ်ရာ ခိုလမ်မြို့၊ ကျောက်မဲကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောက်မဲကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အလှည့်ကျဆရာတော်က မဟာပဋ္ဌာန်းကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်သည်။
အဆိုပါ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၉ ရက်အထိ သံဃာ‌ တော်များက ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။