အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၂

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် စက်တင်ဘာ ၁၆ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများနှင့်အတူ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။