အသင်းဘဏ္ဍာရေးပိုင်းမထိန်းညှိနိုင်ပါက ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီအပါအဝင် အသစ်ခေါ်ယူထားသည့် ကစားသမားများကို လက်လွှတ်ရဖွယ်ရှိနေ

အသင်းဘဏ္ဍာရေးပိုင်းမထိန်းညှိနိုင်ပါက ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီအပါအဝင် အသစ်ခေါ်ယူထားသည့် ကစားသမားများကို လက်လွှတ်ရဖွယ်ရှိနေ

ဘာစီလိုနာအသင်းသည် အသင်းမှ အဓိက ကစား သမား  မက်ဆီကို  သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိထားသကဲ့သို့ ကစားသမားသစ် များ   ခေါ်ယူအင်အားဖြည့်တင်းထားသော်လည်း  အသင်းဘဏ္ဍာရေးပိုင်းကို မထိန်းညှိနိုင်ပါက ၂၀၂၂  ခုနှစ် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလအထိ  မက်ဆီနှင့်  အသစ်ခေါ်ယူထားသည့်ကစားသမားများကို လက်လွှတ်ရဖွယ်ရှိနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း အသင်းဘဏ္ဍာရေးပိုင်း သိသိသာသာကျဆင်းမှုများ ရှိခဲ့ကာ ပြီးခဲ့သည့်ဘောလုံးရာသီကလည်း အသင်းဝင်ငွေနည်းပါးချိန်တွင်   ကစားသမားများအတွက် မြင့်မားသည့် လုပ်ခလစာငွေပေးချေရမှုများကြောင့် အသင်း၌  ေ<ကးမြီများစွာတင်ရှိခဲ့သည်။  ထို့ပြင် အသင်းဝင်ငွေနှင့်ထွက်ငွေ မမျှတသည့်ပြဿနာတွေ့ကြုံခဲ့ရပြီးနောက် အသင်းဥက္ကဋ္ဌ အပြောင်းအလဲဖြစ်ခဲ့ကာ  ဘာတိုမြူထွက်ခွာခဲ့ရပြီး  အသင်းဥက္ကဋ္ဌသစ်အဖြစ် လာပေါ်တီက တာဝန်ထမ်းဆောင်ခဲ့သည်။အသင်းဥက္ကဋ္ဌသစ် လာပေါ်တီသည် လက်ရှိတွင် အသင်းဘဏ္ဍာရေးပိုင်းထိန်းညှိမှုများကို ဦးစားပေး လုပ်ဆောင်နေရပြီး အသင်းဝင်ငွေနှင့်ထွက်ငွေညီမျှ ကာ စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီစေရန် ယခုနှစ် အပြောင်းအရွှေ့ကာလတွင်   အသုံးစရိတ်များစွာ လိုအပ်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် လက်ရှိအချိန်ထိ ဘဏ္ဍာ ရေးစည်းမျဉ်းနှင့်ကိုက်ညီအောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက လုပ်ခလစာအမြင့်ဆုံးပေးချေနေရသည့် မက်ဆီကို လုပ်ခလစာထက်ဝက်လျှော့ချပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သော်လည်း တရားဝင်စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးသကဲ့သို့ အသစ်ခေါ်ယူထားသည့် ကစားသမားများကိုလည်း စပိန်လာလီဂါကစားသမားစာရင်းတွင် မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။

ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာရေးပိုင်း ကိုက်ညီစေရေး အသင်းမှလုပ်ခလစာမြင့်ကစားသမား များကိုရောင်းချရန် ပြင်ဆင်နေသကဲ့သို့ စီနီယာကစား သမားများကိုလည်း    လုပ်ခလစာလျှော့ယူပေးရန် ညှိနှိုင်းမှုများပြုလုပ်ထားရာ    အဆင်ပြေခြင်းမရှိသေးသည့်အတွက် သြဂုတ် ၃၁ ရက်အထိ အသင်း ဘဏ္ဍာရေးပိုင်းမထိန်းညှိနိုင်ပါက မက်ဆီအပါအဝင် အသစ်ခေါ်ယူထားသည့်ကစားသမားများကို ကစားသမားစာရင်း   မှတ်ပုံတင်ခွင့်ရရှိမည်မဟုတ်သည့် အတွက်  အဆိုပါကစားသမားအားလုံးကို  ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ  လက်လွှတ်ရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။