အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး လုပ်ငန်းအသင်းအဖွဲ့များ ပူးပေါင်းကူညီမည်

အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး လုပ်ငန်းအသင်းအဖွဲ့များ ပူးပေါင်းကူညီမည်

ပြည်တွင်းရှိ  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာ စေရေးအတွက် လုပ်ငန်းအသင်းအဖွဲ့များ 
ပူးပေါင်း၍ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင် လေး၏ပြောကြားချက်အရ သိရသည်။

COVID-19     ရောဂါကာလတွင် အသေးစား၊ အလတ်စားလုပ်ငန်းများသည် စီးပွားပျက်နိုင်သည့်အခြေအနေနှင့်  ကြုံ တွေ့နေရပြီး  ယင်းအခက်အခဲများ ပြေလည်မှုရှိစေရန်နှင့် လုပ်ငန်းများပြန်လည် လည်ပတ်နိုင်စေရန်  (UMFCCI) မှ ညီနောင်အသင်းအဖွဲ့များဖြင့် ပူးပေါင်း ကူညီမည်ဖြစ်သည်။  
COVID-19   ရောဂါကာလမှာ  ဒီ လုပ်ငန်းတွေအားလုံး  ယိမ်းယိုင်သွားကြ တယ်။ ပြန်မလုပ်နိုင်ကြတော့ဘူး။ ဒီလို မဖြစ်အောင် အားလုံးဝိုင်းဝန်းပံ့ပိုးကူညီခြင်းအားဖြင့် နိုင်ငံတော်အတွက်သာမက သူတို့ရဲ့   လူမှုစီးပွားရေးတွေအတွက်ပါ အများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်}} ဟု ဦးမောင်မောင်လေးကပြောသည်။

ယင်းသို့ ပံ့ပိုးကူညီမှုကို ယခုနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းမှုပုံစံမျိုးဖြင့်လည်း  လုပ်ဆောင်နိုင်ရန်  ရည်ရွယ်ထားကြောင်း၊ အလုပ်အကိုင်အသစ်များ၊ အသေးစား၊    အလတ်စားစီးပွားရေးလုပ်ငန်းသစ်များ ဖော်ထုတ်နိုင်ရန် စီးပွားရေးကဏ္ဍစုံမှ လုပ်ငန်းရှင်များ၊ ညီနောင်အသင်းများနှင့်  ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
       စိုးမိုး