အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ပါတေး လေ့ကျင့်ရေးပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့သည့်အတွက် အက်စ်တွန်ဗီလာအသင်းနှင့်ပွဲစဉ်အထိ လွဲချော်မည်

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ပါတေး လေ့ကျင့်ရေးပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့သည့်အတွက် အက်စ်တွန်ဗီလာအသင်းနှင့်ပွဲစဉ်အထိ လွဲချော်မည်

အာဆင်နယ်အသင်း   အဓိကကွင်းလယ်ကစားသမား ပါတေးသည် မန်စီးတီးအသင်းနှင့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးပြုလုပ်စဉ် အသေးစားဒဏ်ရာ ရရှိခဲ့သည့်အတွက်     အက်စ်တွန်ဗီလာအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အထိ  လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ပါတေးသည် ယခုဘောလုံးရာသီတွင် အာဆင်နယ်အသင်း၌ အဓိကကွင်းလယ် ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး အာဆင်နယ်အသင်း ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိရာတွင် ပါတေးက အဓိကအခန်းကဏ္ဍမှ ပါဝင်နေသူဖြစ်သည်။

ပါတေးသည် မန်စီးတီးအသင်းနှင့် အာဆင်နယ် အသင်းတို့ပွဲစဉ်မတိုင်မီ    လေ့ကျင့်ရေးပြုလုပ်စဉ် အသေးစားဒဏ်ရာရရှိခဲ့သည့်အတွက်   လေ့ကျင့်ရေးအစီအစဉ်မှ   ပြန်လည်နုတ်ထွက်ခဲ့ရပြီး  ဆေးစစ်မှုများ ပြုလုပ်ရာတွင် ရက်သတ္တပတ်ခန့် အနားယူရမည်ဖြစ်သည့်အတွက် မန်စီးတီးအသင်းနှင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။

ထို့ပြင် ပါတေးသည် ဖေဖော်ဝါရီလနောက်ဆုံးပတ်အထိ အနားယူရမည့်အခြေအနေကြောင့် ဖေဖော်ဝါရီ ၁၈ ရက်တွင်ကစားမည့် အက်စ်တွန်ဗီလာအသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်အထိ လွဲချော်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင်ကစားမည့် အာဆင်နယ်အသင်းနှင့် လက်စတာအသင်းတို့ပွဲစဉ်မှသာ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref;Football London