အာရပ်စော်ဘွားများနိုင်ငံက အနာဂတ်တွင် ဟိုက်ဒရိုဂျင်ကို အဓိကလောင်စာအဖြစ်ရောင်းချမည်

 

ဒူဘိုင်း၊ စီးပွားရေး

ရေနံပေါကြွယ်ဝသော အာရပ်စော်ဘွားများနိုင်ငံမှ နိုင်ငံပိုင်ရေနံကုမ္ပဏီအနေဖြင့် အနာဂတ်တွင်  ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို အဓိကလောင်စာအဖြစ် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ ထုတ်လုပ်ရန်အခြားကုမ္ပဏီနှစ်ခုနှင့်    ပူးပေါင်းလိုက်ကြောင်း သိရသည်။

အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ(Adnoc)အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ   ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ရောင်းချရန် မူဘာဒါလာရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၊ ADQ တို့နှင့် ပူးပေါင်းခြင်းဖြစ်သည်။ Adnoc ကုမ္ပဏီက သဘာဝဓာတ်ငွေ့မှ ဟိုက်ဒရိုဂျင်ကို သီးသန့်ထုတ်လုပ်မည်ဖြစ်ပြီး ပြည်တွင်း နှင့်ပြည်ပ၌ပါ ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ရေနံထုတ်လုပ်မှုကို အဓိကစီးပွားရေးအဖြစ်ဆောင်ရွက်နေသည့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံအချို့ အနေဖြင့် ၎င်းင်းတို့၏ဖောက်သည်များက   လေထုညစ်ညမ်းမှုနည်းသောစွမ်းအင်များကို  ပြောင်းလဲ အသုံးပြုလာသည့်အတွက် ၎င်းတို့ရောင်းချနေသည့်လောင်စာကို ပြောင်းလဲထုတ်လုပ် ရန်ကြိုးပမ်းလာ ကြောင်း သိရသည်။